ကိုယ်ဟာ ကြွေကွဲခြင်းအနုပညာကို တစ်စစီကျိုးပျက်ရင်းနဲ့ ကျွမ်းကျင်တတ်မြောက်ခဲ့တယ် ဝေးကွာပြီးသားအခြေအနေတစ်ခုကို အကွာအဝေးတွေထပ်ပေါင်းထည့်လိုက်တဲ့အခါ
အင်အားတွေချိနဲကုန်တယ် ဝေးပြီးသားဆိုပေမယ့်လည်း
ပိုဝေးတာမျိုးတော့မလိုချင်ခဲ့တာမလို့ပါ
ဘယ်ချိန်မှာနီးနိုင်မလဲ ဘယ်လိုပုံစံဘယ်အခြေအနေနဲ့
မင်းရှေ့မျက်မှောက်ကို အရောက်လာနိုင်မလဲ တွေးရင်းနဲ့
မိုးလင်းခဲ့ရတဲ့ညများစွာအတွက် ကိုယ်ပြန်ရတာ
ပို၍ဝေးသွားခြင်းလား နာကျည်းမိပါတယ် ကံတရားကို
ဒါပေမယ့်လည်းအဆင်ပြေအောင်နေထိုင်ပါ့မယ် မင်းနဲ့ကိုယ်
မိုးကောင်းကင်တစ်ခုတည်းအောက်မှာတူညီစွာ
တည်ရှိနေကြတာဘဲလေ ကျေနပ်ပါတယ်