ခင်ဗျားကလွမ်းတယ်ပြောတိုင်းအော်ရယ်မိတယ်
အရင်ကအချိန်တွေကိုလွမ်းသတဲ့
ကော်ဖီခွက်တစ်ခွက်ကိုကိုင်ပြီးခပ်တွေတွေမျက်နှာပေးနဲ့
ပြောလိုက်တဲ့ခင်ဗျားပုံကကျွန်တော်ကိုလှောင်နေသလိုဘဲ
နောင်တရလား ကျွန်တော့်ဆီပြန်လာခဲ့လေလို့အော်
ပြောလိုက်ချင်တယ် ပြောလည်းပြောလိုက်တယ်
"ဒီတိုင်းပျော်အောင်သာနေစမ်းပါ"လို့ ဟုတ်တယ်လေ
သူကကျွန်တော့်ဆီမှာပျော်မှမပျော်တာ
ခဏလေးယောင်ယောင်မှားမှားနဲ့ထွက်လာတဲ့လွမ်းတယ်
ဆိုတဲ့စကားလုံးခပ်နုံနုံတစ်ခုမှာမပျော်ဝင်နေသင့်ဘူး