မင်းရယ် ကိုယ်ရယ် လေနှင်ရာအတိုင်းတစ,တစ
လွင့်ပြယ်သွားတဲ့တိမ်တိုက်တွေရယ်
မပြောဖြစ်တဲ့ စကားလေးတစ်ခွန်းရယ်
ဘယ်အရာက နာကျင်စရာအကောင်းဆုံးဖြစ်မှာလဲ
သေချာတာတစ်ခုက ဘယ်သူမှပျော်ရွှင်မနေဘူးဆိုတာပါဘဲ
အတိတ်တစ်ချိန်က ကိုယ့်ကိုကိုယ် အားကျပြီးမနာလိုဖြစ်ဖူး
ကြလား သိပ်ကိုဆိုးရွားတဲ့ခံစားချက်ဘဲ အပြစ်တင်စရာ
တစ်ခုပြီးတစ်ခုလိုက်ရှာရင်းနဲ့ မိုးလင်းသွားတော့
မနက်ဘက်နေရောင်ခြည်တွေက နင်မှားခဲ့တာ
နင်ပဲအကုန်လုံးကိုဖျက်စီးခဲ့တာလို့ လက်ညိုးထိုးပြီး
ညွှန်ပြနေသလိုဘဲ အရမ်းပူလောင်နေပါတယ်
ဒါပေမယ့်လည်း မင်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာ
တစ်ခုချင်းစီတိုင်းအတွက် ကျေးဇူးတင်ပါတယ်ဆိုတာတော့
ကိုယ်ပြောဖြစ်အောင်ပြောရမယ်လေ နောင်တတွေထပ်ပေါင်း
ထည့်ရရင် ဒီအသက်နဲ့ဒီခန္ဓာ အိုးစားကွဲလိမ့်မယ် ဟန်နီ