အကို တစ်ဖက်သတ်ဆန်ဆန်သိမ်းသွားခဲ့တဲ့ဇာတ်မှာ
ညီမ ယောင်လည်လည်နဲ့ဆက်ပြီး ကနေတုန်းဘဲ
မနှုတ်ဆက်ချင်သေးဘူး အကို့ကို...
ဟိုးအလင်းနှစ်သန်းပေါင်းများစွာအထိ အတူရှိချင်တာ
အကိုပြောနေကျ အီလည်လည်ပုံပြင်တွေကို နားထောင်
ချင်သေးတယ် အလိုမကျတဲ့အခါတွန့်ချိုးထားတဲ့ မျက်ခုံး
နှစ်ဖက်ကို ညီမလက်လေးနဲ့ အသာလေးဆွဲဖြည်ပေးချင်
သေးတယ် ဒါပေမယ့် အကို့ရွေးချယ်မှုမှာညီမ မပါခဲ့ဘူး
ညီမ မနှုတ်ဆက်နိုင်သေးပါဘူး အကိုရေ