အခြားသူတွေရဲ့ကမ္ဘာဘယ်လိုစတယ်
ဘယ်လိုလည်တယ် ကျွန်တော်မသိဘူးခင်ဗျားရဲ့သွယ်သွယ်လျလျ လက်ချောင်းလေးတွေနဲ့
ကျွန်တော့်ဆံပင်တွေကိုထိုးဖွတဲ့အခါ အဲဒီ့အချိန်မှာ
ကျွန်တော့်ကမ္ဘာ စတယ် ခင်ဗျားစိတ်နဲ့ကျွန်တော့်ကမ္ဘာဟာ
လည်တယ် တနည်းအားဖြင့် ဖျောက်ဖျက်မရတဲ့
ကျွန်တော့်ရဲ့ရူးသွပ်ခြင်းတွေပါနေပျော်ပါတယ် အနည်းဆုံးတော့ ဗလာနတ္ထိဖြစ်မနေဘဲ
ဖက်တွယ်စရာတစ်ခုရှိနေတာပေါ့