His Smile

215 18 0
                                    

သူ့အပြုံး​တွေ......
တကယ်​ ဘယ်​သူမဆို သူ့အပြုံး​တွေကို
မြင်​ဖူးရင်​ သိပ်​လှတာဘဲလို့ ​ကောက်​ချက်​ချမိကြမှာ.....
ဒါဟာအမှန်​တရားတစ်​ခုဖြစ်​နေတာကိုး

သူ့အပြုံး​တွေ.....
သိပ်​လှသလို သိပ်​နက်​ရှိုင်းတယ်
အဓိပ္ပါယ်​ ဖွင့်​လို့မရ​အောင်​ကို နက်​ရှိုင်းတာ

သူ့အပြုံး​တွေ.....
တစ်​ခါတရံ ရိုးရှင်းလှတယ်
သူ့ချစ်​ရသူနဲ့​တွေ့ဆုံချိန်​မှာ​ပေါ့
ချစ်​ရသူအတွက်​သာဆိုတဲ့ အပြုံးမျိုး​လေ
တစ်​နည်း ကိုယ်​သူ့ဆီကသိပ်​လိုချင်​တဲ့ အပြုံးဟာ
ထိုအပြုံးမျိုး.......

သူ့အပြုံး​တွေ......
တစ်​သက်​စာ သိမ်းထားချင်​တဲ့သူ့အပြုံး​တွေ
ပထမဦးဆုံး ဘဝမှာ ကာ​ကွယ်​​ပေးချင်​မိတဲ့
သူ့ရဲ့အပြုံး​တွေ......

ဟင့်​အင်း ကျွန်​မတစ်​ခါမှမပိုင်​ဆိုင်​ဖူးပါ
သူ့ ကျွန်​မအတွက်​ ရည်​စူးတဲ့ အပြုံး​တွေ.....
ဘဝမှာ တစ်​ခါမျှ​တော့ ရရှိချင်​သည်
သူ့ ဆီက ဘယ်​လိုအပြုံးမျိုးဖြစ်​ဖြစ်​......
အို.....သိပ်​ကို​တောက်​ပ​နေမှာဘဲ​နော်

ကျွန်​မ သူ့အပြုံးများအားချစ်​သည်​။

Untitled...Where stories live. Discover now