ပစ္စည်းသွားယူရမည့် နေရာထိ လိုက်လာတဲ့ sehun ကြောင့် Jongin မှာစိတ်မသက်သာဖြစ်နေရသည်...
ကားနောက်ခန်းထဲက Jongin ပုခုံးပေါ် ခေါင်းတင်ထားတဲ့ sehun ကို...
"နေလည်းကောင်းသေးတာမဟုတ်ဘဲနဲ့ .. Hotel မှာဘဲ နေခဲ့တာမဟုတ်ဘူး..."
Jongin ကို Sehun ကစောင်းကြည့်ကာ...
"ဘာမှမဖြစ်ပါဘူးဆိုနေ... ဆရာဝန် ယောကျာ်းတစ်ယောက်လူံးပါနေတာဘဲ..."
Sehun စကားကြောင့် Jongin ကမျက်စောင်းခပ်ဖွဖွထိုးကာရီတယ်...
"ရောက်ပြီ.. ဒီ coffee ဆိုင်ဘဲ .. အထဲဝင်မှာလား sehun..."
Jongin မေးတာကို မဖြေဘဲ ကားတံခါးကို ဖွင့်ကာ ဆင်းသွားသည့်သူကြောင့် jongin လည်းကမန်းကတန်းတံခါးဖွင့်ကာဆင်းလိုက်ရသည်....
"ကိုယ့်ကို necktie နည်းနည်းပြင်ပေးဉ်ီး..."
ကိုယ့်ဘာသာလုပ်ရင် ရပါရက်နဲ့ တမင်လာခိုင်းနေတဲ့sehun ကို Jongin အမြင်ကတ်ကတ်နဲ့ necktie ကြီးကိုစောင့်ဆွဲပေးလိုက်သည်....
Sehun ကရီကာ Jongin နဖူးလေးကို မနာအောင် တောက်လိုက်ပြီး....
"နောက်မှ sehun နဲ့ အစောကြီးကတည်းက မိတ်ဆတ်မပေးမိလေခြင်းဆိုပြီး နောင်တရမှာ မြင်နေသေးတယ်..."
Jonginမှာသူပြောတဲ့ စကားကို နားမလည်တာမို့အူကြောင်ကြောင်နဲ့ပင် ဆိုင်ထဲဝင်သွားတဲ့ သူ့နောက်လိုက်ရတော့သည်...
"Hey..!! Jack..
Long Time No See...."Coffee ဆိုင်ရဲ့ အလယ်စားပွဲမှာ ထိုင်နေတဲ့သူဆီ လျှောက်သွားပြီး Sehun မိတ်ဆက်လိုက်တာကို Jongin မျက်လုံးအပြူးသားနဲ့ နားမလည်စွာ ငေးကြည့်နေမိသည်...
"Ooo.... bro Sehun... !!!"
တစ်ဖက်က လူကလည်း မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းကို ပြန်တွေ့ရသလိုမျိုး ဖက်လှဲတကင်းနဲ့....
ဘာတွေလဲ... Jongin ကို ဂျာမန်ကနေ ပစ္စည်းလာပေးတဲ့သူက ooh sehun နဲ့ဘယ်လိုများ...
YOU ARE READING
" Behind The Sence " [ Zawgyi + Unicode]
Fanfictionနှစ်ဖက်မိဘ သဘောတူ လက်ထပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က မင်းနဲ့ငါ.... Main Chat >> Sehun / Kai SeKai, KaiHun