"ဘာ..!!! အငှါးကိုယ်ဝန် ဟုတ်လား ! sehun...
မင်းဘာတွေလုပ်နေတာလဲ...."နာမည်ကြီးစားသောက်ဆိုင်ရဲ့ VIP Room ထဲမှာ Luhan ရဲ့  အသံကျယ်ကျယ်က ပဲ့တင်ထပ်သွား၏...
Sehun ကခေါင်းကို ခပ်ဖြည်းဖြည်းငြိတ်ပြလိုက်ပြီး...
"ဟုတ်တယ် hyung..."
Luhan ကစိတ်ပျက်စွာနဲ့စုတ်သတ်ကာ...
"ကျစ်... ဘာတွေဖြစ်နေတာလဲ sehun..
အခူခေတ်မှာ Jongin ကိုယ်တိုင်က မင်းရင်သွေးကိုမွေးလို့ရနေပြီလေ.. ဒါကို ဘာ အငှါးကိုယ်ဝန်လဲ... ဇယားတွေရှူပ်လာနိုင်တယ်..."Luhan ရဲ့ စကားကို Sehun က ခြောက်ကပ်ကပ်ရီသံနဲ့အတူ....
"သူမလုပ်ပေးနိုင်လို့ပေါ့ hyung ရာ....
သူကမှ လုပ်မပေးချင်တာ..."Sehun ရဲ့ နာကျင်ဟန်စွက်နေတဲ့ စကားသံကြောင့် Luhan နည်းနည်းလှူပ်လှူပ်ရှားရှားတော့ဖြစ်သွားမိသည်...
Luhan အနေနဲ့ ကိုယ့်ညီတစ်ယောက်လုံးရဲ့ အိမ်ထောင်ရေး အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တဲ့အဖြစ်မျိုးတော့မလိုချင်....
Sehun ရဲ့ သွေးသားကိုလည်း Luhan တို့အသိုင်းအဝိုင်းက လက်ခံထားတဲ့ Jongin ကသာမွေးပေးစေချင်မိတာလည်း အတ္တတစ်မျိုးပေဘဲလား...
"Jongin နဲ့ မင်း အဆင်မပြေဘူးလား...
ဘာဘဲ ဖြစ်ဖြစ် စိတ်လိုက်မာန်ပါတော့ မလုပ်ပါနဲ့ sehun..
မိဘတွေ အသိုင်းအဝိုင်းတွေ မျက်နှာကိုထောက်ထားပါ ...
ပြီးတော့ မင်းက Jongin ထက်အကြီး... သူ့ကိုနားလည်အောင်ဖျောင်းဖျကြည့်ပါ...."Luhan တရားချပေမယ့် Sehun က နှူတ်ခမ်းတွေကို တင်းတင်းစေ့ထားပြီး ဆုံးဖြတ်ချက်ချပြီးတဲ့ပုံပင်...
Sehun ဆူံးဖြတ်ပြီးလျှင် ငယ်ငယ်ကတည်းက ဘယ်သူမှ တားလို့ရခဲ့တာမဟုတ်...
လုပ်ချင်တာကိုရအောင်လုပ်တတ်တဲ့ ဉာဏ်ဆိုးလည်း sehun မှာရှိပါသေးတယ်....
ပြီးတော့ အခူလို အငှါးကိုယ်ဝန်ကိစ္စသာ အပြင်ကိုပေါက်ကြားသွားရင် ပျိုပျိုအိုအို ooh sehun ကို ကိုယ်ဝန်အကြောင်းပြပြီး ချည်နှောင်ဖို့ ချည်းကပ်လာကြမှာဖြစ်သည်..

YOU ARE READING
" Behind The Sence " [ Zawgyi + Unicode]
Fanficနှစ်ဖက်မိဘ သဘောတူ လက်ထပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က မင်းနဲ့ငါ.... Main Chat >> Sehun / Kai SeKai, KaiHun