ဧည့်ခန်းထဲက မီးလင်းဖိုရဲ့ လောင်ကျွမ်းအားကောင်းလွန်းတဲ့ မီးတောက်ကြီးက Jongin ရင်ထဲက အပူတွေကိုထင်ဟပ်နေတဲ့ ပြယုဂ်တစ်ခုပါဘဲ..
တန်ဖိုးမနည်းတဲ့ မီးလင်းဖိုကြီးရဲ့ဘေးက သားရေ ဆိုဖာတွေပေါ်မှာ ကျူံ့ကျူံ့လေးထိုင်နေတဲ့ Jongin ရဲ့ဘေးမှာ
Sehun မိဘ ၂ယောက် အပါအဝင် Jongin ရဲ့ မိဘ ၂ပါးလူံးပါ အတူရှိနေကြတယ်...စကားတစ်ခွန်းမှ မပြောဖြစ်ကြပေမယ့် Sehun အိမ်နံရံက
လေလံအောင်ထားတဲ့ နာရီအိုကြီးရဲ့ လက်တံတွေကို ထိတ်လန့်စိုးရိမ်စိတ်နဲ့ တစ်ချက်တစ်ချက်လှမ်းကြည့်နေမိရင်း
ကြိတ်ချရတဲ့ သက်ပြင်းတွေက လက်ရှိအသက်ထက် အကြိမ်ရေများနေပြီ...နောက်ထက်တစ်နာရီနေရင် Sehun ပျောက်နေတာ
၂၄ နာရီပြည့်တော့မည်ဖြစ်သည်...အထူးကယ်ဆယ်ရေးအဖွဲ့တွေ တစ်ကျွန်းလူံးကို ပိုက်စိတ်တိုက်ပြီးရှာနေပေမယ့် အစအနလေးပင်မတွေ့ရတာမို့ မျှော်လင့်ချက်တွေက ဝေဝါးယိုင်နဲ့ လုလု...
မတော်တဆ ပင်လယ်ထဲမှာ Sehun ပျောက်သွားပြီလား
ဒါမှမဟုတ် တောထဲက သားကောင်တွေကြောင့်...ဒူး၂ဖက်ကွေးထားတဲ့ အပေါ် လက်၂ဖက်ယှက်တင်လိုက်ပြီး
Jongin မှောက်ချလိုက်တော့ မျက်ရည်တို့က ကျလာပြန်သည်...မျက်လူံးမှေးလေးတွေ ပေါက်တော့မတတ် နီရဲပြီး ငိုထားပေမယ့် Jongin ရင်ထဲမှာ တင်းကြပ်နေတဲ့ အစိုင်အခဲကြီးကလျော့မသွား....
Jongin သာ အဲ့ဒီမြေကွက်ကို အတင်းမလိုချင်ခဲ့ရင်...
Sehun စကားကိုသာ နားထောင်ခဲ့မိရင် ...မလုပ်ခဲ့မိရင်ကောင်းမှာဆိုသော နောင်တတွေနဲ့ Jongin ရင်တစ်ခုလုံးဟာ နာကျင်နေသည်...
ကလေးလေး၂ယောက်
ပြီးတော့ ..
Sehun အထိပါ...ရှိုက်သံတွေကျယ်လာတဲ့ Jongin ကိုယ်လုံးလေးကို
တစ်စုံတစ်ယောက်က ပွေ့ဖက်လာတော့ Jongin ပိုမိုနင့်သည်းစွာငိုမိသည်..." မေမေ... ကျနော့်ကြောင့်...
ကျနော်ကြောင့်.. ! Hun.."စကားမဆက်နိုင်ဘဲ သူမကိုဖက်ကာ ကလေးတစ်ယောက်လို ငိုနေတဲ့ Jongin ကိုကြည့်ပြီး လူကြီးတွေ အားလုံးရင်ထဲမှာ မချိကြ..

YOU ARE READING
" Behind The Sence " [ Zawgyi + Unicode]
Fanficနှစ်ဖက်မိဘ သဘောတူ လက်ထပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က မင်းနဲ့ငါ.... Main Chat >> Sehun / Kai SeKai, KaiHun