" မင့်ဟာက ၃လဘဲရှိသေးတယ်....
တော်တော်ကြီးကို ပူနေပြီနော်.."Baekhyun က Jongin ဗိုက်ကို ငုံ့ကြည့်ရင်းပြောတော့
Jongin စပ်ဖြဲဖြဲနဲ့ ရီပြလိုက်ကာ..."မင်းကလည်း အမွှာလေကွာ.... !
ဒီလောက်တော့ရှိမှာပေါ့... ပြီးတော့ ငါကတစ်ချိန်လူံး စားနေတာ..."ဟိုတစ်လောလေးက အတော်လေးနေမကောင်းဖြစ်လိုက်ပေမယ့် Jongin က အခုတော့ အဆင်ပြေနေပုံပါဘဲ...
Baekhyun ဒီဘက်ကိုလာရင်း Jongin တို့အိမ်ကိုဝင်လာပြီး မတွေ့တာကြာပြီမို့ ဝင်နှုတ်ဆက်တာ...
သစ်တော်သီးတွေကို ပလုတ်ပလောင်းစားနေတဲ့ Jongin က
ကလေးဆန်သွားလိုက်တာ... အရင်က ဒီလိုပုံတစ်ခါမှ မမြင်ဖူး.." Baekhyun ..အအေးသောက်လေ..!"
အပေါ်ထပ်က ဆင်းလာတဲ့ Sehun က Baekhyun ကိုလှမ်းပြောတော့ ခေါင်းညိတ်ပြလိုက်တယ်...
" ကိုကို... spaghetti စားချင်တယ်...!"
အရှေ့က sofa မှာ Sehun ဝင်ထိုင်ရုံရှိသေး
Jongin က တောင်းဆိုလိုက်တာကြောင့် Baekhyun မျက်ခူံးတွေမြင့်တက်သွားသည်...ကိုကိုဆိုဘဲ...!
" အိုခေ... ကိုယ်လုပ်ပေးမယ်..
ဒါပေမဲ့ သစ်တော်သီးတွေ စားတာတော်တော့..
ပေပွလို့...ကြည့်ဦး...!"Sehun ကပြောလည်းပြော လက်ကလည်းသစ်တော်သီးစိတ်တွေ ထည့်ထားတဲ့ ဘူးကို ပိတ်နေလေသည်...
Jongin ပါးစပ်မှာ ပေပွနေတာတွေကို Sehun ကသုတ်ပေးမယ်ထင်တာမို့ Baekhyun ကိုယ့်အရှေ့နားက Tissue ဘူးကို Sehun ကိုကမ်းပေးလိုက်စဉ်မှာဘဲ...
"ပြွတ်..!"
ဟင်... တစ်ရှူးဘူးကိုင်ထားတဲ့ Baekhyun လက်လေးကြောင်တောင်တောင်ဖြစ်သွားကာ Tissue ဘူးကြီးကို ခပ်ရှက်ရှက်နဲ့ လွှတ်ချလိုက်သည်...
Sehun က Jongin နှုတ်ခမ်းမှာ ပေပွနေတာကို သူ့နှုတ်ခမ်းနဲ့ စုတ်ယူလိုက်တာကို မြင်လိုက်ရတာမို့ Baekhyun မှာ ကျောရိုးကြီးက ထောင်တက်လာသလို ဆံပင်တွေဘဲထောင်ကုန်သလို....
သူတစ်ယောက်လုံးရှိနေတာကို ဘာတွေ လုပ်နေကြတာလဲ..
အရှက်ကြီးတဲ့ Jongin ကလည်း ဘာမှမဖြစ်သလိုရုပ်နဲ့...
YOU ARE READING
" Behind The Sence " [ Zawgyi + Unicode]
Fanfictionနှစ်ဖက်မိဘ သဘောတူ လက်ထပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က မင်းနဲ့ငါ.... Main Chat >> Sehun / Kai SeKai, KaiHun