"တောက်... ဘယ်အချိန်ရှိနေပြီလဲ "
Sehun အံကြိတ်ရင်း တောက်ခေါက်မိသည်... ဒီနေ့ဘဲ မင်္ဂလာဆောင်တယ်... ဒီနေ့ဘဲ ပြသနာတက်တယ်...
အလုပ်တွေ များတဲ့ ဘဝမှာ ဒီလိုအိမ်ထောင်ဖက်ကြောင့် စိတ်ညစ်ရမယ့်အကြောင်းကိုတွေးမိတော့ အခုလက်ရှိ dinner ပွဲကိုတောင် ဖျက်လိုက်ချင်သေးရဲ့...Sehun ရဲ့ မိဘတွေကတော့ အပြုံးမပျက်သေးပေမယ့် ယောက္ခမတွေကတော့ သူတို့သားလုပ်ရပ်ကြောင့် sehunတို့ကို အားနာနေသော အခြေနေမျိုးနဲ့....
"Dinner က နောက်ကျနေပြီ.."
ယောက္ခမ ဖြစ်သူက အားနာတဲ့ မျက်နှာထားမျိုးနဲ့ မျက်နှာချိုသွေးပြီး ပြောနေတုန်းမှာ...
အိမ်အနောက်ပေါက်ကနေ ကမန်းကတန်းဝင်လာတဲ့ ကောင်လေးကြောင့် sehun မျက်ခုံးတွေ တွန့်ချိုးသွားရသည်...
"Sorry..မေမေ... သားနောက်ကျသွားတယ်...လမ်းမှာကားတွေပိတ်နေလို့..."
ခေါင်းပေါ်က ရေစက်တွေကို ခါချရင်း လူကြီးတွေကို ရိုရိုကျိုးကျိုးပြောနေရှာတဲ့ ကောင်လေးက သူ့ထက် ၆နှစိလောက်ငယ်ပြီး ဆေးအသစ်ထူတ်ဖော်တဲ့ဌာနမှာ သုတေသနကိုလွန်စွာမှအားထုတ်ကြိုးပမ်းတဲ့ ဆရာဝန်လေးပေါ့လေ...
"အို...သားရယ်.. မိုးတွေလည်းရွှဲလို့... ဖျားမယ်.. လာ..လာ.."
နောက်ကျမှလာသော သားကို တစ်ချက်မှ ဆူပူခြင်းမရှိတဲ့အပြင် စိတ်ပူစွာနဲ့ ပူပန်သေးတဲ့ ယောက္ခမကိုမြင်ကတည်းက ဒီကောင်လေးကို တစ်အိမ်လုံး သည်းသည်းလှူပ်မယ်ဆိုတာ sehun ခန့်မှန်းမိပါ၏...
မင်္ဂလာပွဲပီးကတည်းက ယောက္ခမ နဲ့ မိဘတွေကို နှူတ်ဆတ်ပြီး အလုပ်ကိုပြေးသွားတဲ့ အပြင် Dinner ထိပါနောက်ကျ နေတဲ့ သမက်အသစ်စက်စက်လေးကို တစ်ချက်မှ မျက်နှာမပျက်ချစ်နိုင်သည့် ကိုယ့်မိဘတွေကိုလည်း အံ့သြမိပါရဲ့...
အနည်းငယ်နောက်ကျမှ စဖြစ်လိုက်တဲ့ Dinner ပွဲက အဆင်ပြေပြေပြီးဆုံးသွားခဲ့သလို ကိုယ့်ထက် အသက်အများကြီးကွာခြားတဲ့ အိမ်ထောင်ဖက် နဲ့ Sehun တို့ရဲ့ နေ့သစ်တွေက စတင်ခဲ့ပါ၏....
YOU ARE READING
" Behind The Sence " [ Zawgyi + Unicode]
Fiksi Penggemarနှစ်ဖက်မိဘ သဘောတူ လက်ထပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က မင်းနဲ့ငါ.... Main Chat >> Sehun / Kai SeKai, KaiHun