"Nini... ညနေစောစောပြန်လာခဲ့နော်.. အမေတို့နဲ့ အတူ ညစာစားရမှာ မှတ်မိတယ်မလား..."
Coffee တစ်ငုံသောက်လိုက်ပြီး Sehun မနက်စာ breakfast ဝိုင်းမှာ ပြောလိုက်တဲ့ စကားကြောင့် Jongin မျက်နှာ အနည်းငယ်ပျက်သွားမိသည်...
ဒုက္ခ ပါဘဲ... ဒီည dinner ချိန်းထားတာရှိတယ်....
"ဟိုလေ... Hun..."
လက်ထဲက ပေါင်မုန့်မီးကင်ကို ချပြီး sehun ကိုခေါ်လိုက်တော့ သတင်းစာဖတ်နေတဲ့ Sehun က မျက်ခူံးတစ်ဖက်ပင့်ပြကာ ပြောဆိုသော style နဲ့....
Jongin ပြောရမှာ အနည်းငယ် စိုးရွံမိပေမယ့် မပြောလို့မှ မဖြစ်တာ...
Project တစ်ခုလုံး ရင်းနှီးထားတဲ့ ကိစ္စကြီးကို...
"ညနေ ကျရင် ကျနော် အလုပ်ကိစ္စနဲ့ dinnerချိန်းထားတာ ရှိတယ်...."
သတင်းစာ စာရွက်ကို လှန်နေတဲ့ Sehun လက်တွေ ရပ်တန့်သွားပြီး မျက်မှောင်တစ်ချက်ကျုံ့သွားပေမယ့် ဘာမှမဖြစ်သလိုဘဲ....
"ဖျက်လိုက် Nini... "
"Hun...!!!"
မတ်တပ်ရပ်လိုက်တဲ့ Jongin ကို Sehun က မျက်လွှာပင့်ကြည့်ရင်း သတင်းစာကို ခေါက်ကာ စားပွဲပေါ်ပစ်တင်လိုက်ပြီး...
"မင်းရဲ့ project က ဘယ်လောက်ကုန်မှာလဲပြော.. ညနေ အဲ့ sponcer နဲ့ သွားမတွေ့နဲ့.. ကုန်ကျမယ့် ပိုက်ဆံ ငါအကုန်ထုတ်ပေးမယ်..."
"အခု... Sehun ကျနော့်ကို ငွေစကားပြောနေတာလား...
ပြီးတော့ sehun ကျနော့်ကို stalk နေတာလား...."မယုံနိင်တဲ့ မျက်နှာနဲ့ မေးလာတဲ့ Jongin စကားတွေက မှန်နေတာမို့ Sehun မျက်နှာလွှဲရင်း ဘာဖြေရှင်းချက်မှ မပေးမိ..
"တကယ်ဘဲလား...
ခင်ဗျား ကျနော့်ကို မယုံဘူးဘဲ... သိပ်စိတ်ပျက်ဖို့ကောင်းတယ်..."ခုံပေါ်တင်ထားတဲ့ အိတ်ကိုဆွဲကာ ဒေါသတစ်ကြီးနဲ့ Jongin ထွက်သွားပေမယ့် Sehun လိုက်မဆွဲမိ....
YOU ARE READING
" Behind The Sence " [ Zawgyi + Unicode]
Fanficနှစ်ဖက်မိဘ သဘောတူ လက်ထပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က မင်းနဲ့ငါ.... Main Chat >> Sehun / Kai SeKai, KaiHun