" ကောင်းသော နေ့လေးဖြစ်ပါစေရှင်.."
Cashier ကငွေပြန်အမ်းတာကို Jongin ယူလိုက်ရင်း အထုတ်ကိုဆွဲကာ ဆိုင်အပြင်ကိုထွက်လိုက်သည်...
အနည်းငယ်အေးနေတဲ့ ရာသီဥတုကြောင့် ဝတ်လာတဲ့ hoodie ပွပွအိတ်ကပ်ထဲကို ပိုက်ဆံထိုးထည့်လိုက်ပြီး
အိမ်ပြန်ဖို့ ခြေလှမ်းစလိုက်တယ်..Jongin တို့အိမ်နဲ့ သုံးလမ်းကျော်က mini market ကိုလိုအပ်တာလေးတွေ လာဝယ်ပြီး အပြန်လမ်းမှာ အကြောင်းမဲ့ Sehun အကြောင်းတွေးမိရင်း ဘဝင်မကျခြင်းများက နေရာယူလာပြန်သည်..
Sehun သွားတာ ၂ရက်မြောက်နေ့ဖြစ်သလို Jongin အလုပ်မသွားတာလည်း ၂ရက်ရှိပြီဖြစ်သည်...
Oh sehun စကားကို နားထောင်တာမဟုတ်ပါ..
Jongin ရဲ့ အဖေရော အမေကပါ ဘယ်မှမသွားခိုင်းသောကြောင့်..ဘဝကလည်း အိမ်ထောင်ပင်ကျပြီးလို့ အဖက်မတင်လိုက်တဲ့
ကလေး၂ယောက်တောင်ရပြီးမှ ချုပ်ချယ်ခံနေရသည်...တကယ်ဆို Sehun ကိုကြည်ဖြူနေသေးတဲ့ မိဘတွေကို Jongin ဘယ်လိုမှနားမလည်နိုင်...
Sehun လုပ်ရက်တွေကို Jongin ကတော့ မကြားချင်လောက်အောင် စိတ်နာသလို မုန်းလည်းမုန်းသည်..
ထားလိုက်ပါတော့.. ရေစက်လည်းကူန်နေပြီဘဲဟာ..
ကားလမ်းမကိုရောက်ခါနီးပြီမို့ ဘေးဘီကိုကြည့်ရင်း လမ်းတစ်ဖက်ကို ကူးမယ်ပြင်တုန်း အရှေ့ကို ဝေါခနဲ ထိုးရပ်လာတဲ့ မှန်အပြည့်နဲ့ ကားမဲတစ်စီးကြောင့် Jongin ထိတ်လန့်ကာ အံ့သြနေတုန်း ကားပေါ်ကို အတင်းဆွဲခေါ်ခံရတာကြောင့် လက်ထဲက အထုတ်တွေ ပြုတ်ကျကုန်တော့သည်..
ဘာမှန်းမသိခင် ခပ်ကြီးကြီးလက်ဖဝါးကြမ်းကြမ်းကြီးက
မျက်နှာပေါ်ကို ဖိကပ်ထားပြီး အသံမထွက်နိုင်အောင်လုပ်ထားတာမို့ Jongin ခေါင်းထဲ ဘာမှစဉ်းစားရမဘဲ ထိတ်လန့်ခြင်းတွေသာ စုပြုံလာသည်..ဘုရားသခင်... နေ့ခင်းကြောင်တောင်ကြီး ပြန်ပေးဆွဲခံနေရတာလား ..!!
သန်မာတဲ့လက်တွေကြောင့် Jongin လက်မောင်းတွေ အောင့်တက်နာကျင်လာပေမယ့် ကြောက်လန့်စိတ်ကြောင့် အတင်းရုန်းကန်နေတုန်း နှာခေါင်းပေါ်ကို လာအုပ်တဲ့ ပုဝါစကြောင့် ခေါင်းတွေပြာဝေလာကာ အသိစိတ်တွေဝေဝါးကုန်သည်...
![](https://img.wattpad.com/cover/87501468-288-k402059.jpg)
YOU ARE READING
" Behind The Sence " [ Zawgyi + Unicode]
Fanfictionနှစ်ဖက်မိဘ သဘောတူ လက်ထပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က မင်းနဲ့ငါ.... Main Chat >> Sehun / Kai SeKai, KaiHun