- 19 -

925 75 0
                                    


" 12 ပတ်..!

12 ပတ် ကျော်နေပြီ ..! Sehun ..!

အဲ့မတိုင်ခင်လုပ်ရင် ဘာမှမဖြစ်ပေမယ့် အခုက Jongin ကိုပါ

ထိခိုက်သွားနိုင်တယ်... အရမ်းကို အန္တာရာယ်များလွန်းသွားပြီ..!"

နေ့ခင်းက အိမ်ကို လာကာ ပြောသွားတဲ့ မင်ဝူးစကားတွေကို ပြန်ကြားကာ Sehun မျက်စိရှေ့က စားပွဲပေါ်ရှိအရာအားလုံးကို တွန်းချပစ်လိုက်သည်....

ပြောင်လက်နေတဲ့ ကျွန်းကြမ်းခင်းကြီးပေါ်ကို ခုန်ဆင်းသွားတဲ့ အရာဝတ္ထုတွေကြောင့် ဆူညံသံတွေက အိမ်အပေါ်ထပ်တစ်လျှောက် အချိူးမကျစွာ ဆူညံသွားလေရဲ့....

ကျလာတဲ့ မျက်ရည်စက်တွေကို ဖိသုတ်ကာ ထိုင်ခုံကနေ ထရပ်လိုက်ပြီး Jongin ရှိနေမယ့် အခန်းဆီကိုဦးတည်သွားလိုက်ကာ...

" Oh Jongin ...! ..!!!"

အခန်းတံခါးကို ကြမ်းတမ်းစွာဆွဲဖွင့်လိုက်ပြီး အော်လိုက်တဲ့ Sehun ကြောင့် အဝတ်အစားတွေ ထည့်နေတဲ့ Jongin ခန္တာကိုယ်လေး လန့်ကာတုန်တက်သွားတယ်...

" Hun..."

စိတ်ပင်ပန်းမှုကြောင့် အရင်လို ပြည့်ပြည့်ဖောင်းဖောင်းမရှိတော့တဲ့ မျက်နှာလေးက Sehun ရင်ကို တစ်စဆီဆွဲညှစ်နေသလိုပါဘဲ....

" မင်း တမင်လုပ်တာမဟုတ်လား...!

အချိန်လွန်သွားမှ ငါဘာမှလုပ်လို့မရတော့မယ့်အချိန်ကျမှ

မင်း တမင်အသိပေးတာမလား...!!! မင်းက...မင်း..!"

ရင်နာရတဲ့အမျှ ဒေါသတွေဟာ သူ့ကိုချစ်လွန်းလို့ ဖြစ်တည်လာရတယ်ဆိုတာ Jongin နားလည်နိုင်ပါ့မလား...

Jongin သူ့လက်မောင်းကနေ ဆွဲခါရင်းမေးနေတဲ့ Sehun ကိုရှိသမျှ အားနဲ့တွန်းထူတ်လိုက်ကာ...

" ဟုတ်တယ်....! ခင်ဗျားအကြောင်းကိုသိလို့...!

အဖြစ်မှန်ကိုသိရင် ခင်ဗျားက ကျနော့် ကလေးတွေကို တစ်ခုခုလုပ်နိုင်မယ့်သူမှန်းသိလူ့ိ..."

Jongin ရဲ့ အဖြေကြောင့် Sehun မျက်ဝန်းတွေ အေးစက်သွားကာ...

" ဘာ..! !! အဲ့တာ မင်းတစ်ယောက်တည်းရဲ့ ကလေးတွေလို့

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now