" ဒါက ဘာတွေလဲ....!"
ဖခင်ဖြစ်သူက ခေါ်သည်ဆိုသောစကားကြောင့်
လက်ရှိနေနေတဲ့ ကွန်ဒိုဆီကနေ သပ်ရပ်စွာဝတ်စားပြီး
ထွက်လာတာ အိမ်ကိုရောက်လာတော့ မျက်နှာထားတင်းတင်းနဲ့စာကြည့်ခန်းထဲကို ခေါ်သွားခြင်းခံရပြီး..ယခု မျက်နှာကိုပစ်ပေါက်လာသည့် အရာတစ်ချို့နဲ့ အတူ
မေးခွန်းကပါ တစ်ပါတည်း...!ကြမ်းပြင်ပေါ်က အရာတွေကို ငုံ့ကြည့်လိုက်တော့
Sehun နဲ့ Yumi တို့ရဲ့ ပုံတွေဘဲ..." သိပြီးရင်လည်း မမေးနဲ့တော့ Appa..!"
" oh sehun...!!!!"
ဥက္ကဌ oh ရဲ့ခပ်ပြင်းပြင်းလက်သီးတစ်ချက်ကြောင့်
Sehun ယိုင်လဲသွားပေမယ့် မျက်ဝန်းတွေကတော့
အေးစက်လျှက်...." ဘာတွေလုပ်နေခဲ့တာလဲ...
ကလေးတွေ ကို ဖျက်ချခိုင်းတာ
မင်းရဲ့ နောက်ဇာတ်လမ်းကောင်းကောင်းကလို့မရမှာစိုးလို့လား... မင်းက အဖေမဖြစ်ထိုက်တဲ့ကောင်..
အေး ... ငါတစ်ခုတော့ ဝမ်းသာတယ်..
Jongin ဗိုက်ထဲက ကလေးက ငါမဟုတ်နေတာကိုဘဲ..
မင်းလိုအတ္တကြီးတဲ့ကောင်ကို အဖေခေါ်ဖို့ လူဖြစ်မလာတာ
ငါ သိပ်ကိုကံကောင်းတာပေါ့..."" appa...!!!!!"
နီရဲနေတဲ့ မျက်ဝန်းတွေနဲ့ Sehun ရဲ့ အော်သံကြောင့်
ဥက္ကဌ oh စိတ်ကို ထိန်းလိုက်ကာ.." မင်း ဘာတွေလုပ်နေတာလဲ...
ငါသိတဲ့ ငါ့သား oh sehun ဆိုတာ ဒီလိုမဟုတ်ဘူး..
သိပ်ကိုထက်မြက်ပြီး မိဘထက် တော်တဲ့သားမို့
ငါတို့ အမြဲဂုဏ်ယူခဲ့ရတာ... အခုဒါက ဘာတွေလဲ Sehun ...
မင်း အစကတည်းက မိန်းမတွေကိုဘဲ ကြိုက်တတ်ရင် Jongin ကို ဒုက္ခမပေးသင့်ဘူး...!!"ဥက္ကဌ oh စကားကြောင့်
Sehun ကနှုတ်ခမ်းလေးတွန့်ရုံပြူံးတယ်.." မဟုတ်ပါဘူး...
ကျနော် အရင်ကတော့ appa တို့ပေးစားခဲ့တဲ့
ကောင်လေးကိုဘဲ သဘောကျခဲ့တာ.. ချစ်ခဲ့တာ..
ဒါပေမဲ့ အခုကစပြီး မိန်းမတွေကို သဘောကျဖို့
ကြိုးစားကြည့်မလို့..ကျနော်လည်း ယောကျာ်းဘဲ..!"Sehun စကားကြောင့် အဖေဖြစ်သူရဲ့
မျက်မှောင်တွေကျူံ့သွားပြီး အတန်ငယ်စဉ်းစားဟန်ပြုကာ..
YOU ARE READING
" Behind The Sence " [ Zawgyi + Unicode]
Fanfictionနှစ်ဖက်မိဘ သဘောတူ လက်ထပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က မင်းနဲ့ငါ.... Main Chat >> Sehun / Kai SeKai, KaiHun