Chapter-8

2K 242 6
                                    

"Tsk!..အစ်ကိုရာ...
ကျနော်အဲ့မိန်းမကိုမုန်းလိုက်တာ...
ကျနော့်ဒီလောက်ချောတာကို လမ်းခွဲခံရတယ်...
ယောကျာ်းသိက္ခာကျလိုက်တာ...
၈တန်းနှစ်၁နှစ်လုံးတွဲလာတာကို..
9တန်းရောက်မှ....ဟိုကျောင်းပြောင်းလာတဲ့ကောင်နောက်ပါသွားရတယ်လို့ 

အဲ့ကောင်က ကျနော့်ခြေဖျားတောင်မမှီပါဘူးဗျာ..."

"Hk ...အစ်ကို့  ခလေးက အသည်းကွဲနေတာကို...
ဘာဖြစ်လည်းကွာ ...one go two comeပေါ့ မဟုတ်ဘူးလား..
ဘယ်မိန်းခလေးမှဂရုမစိုက်သလို နေပြလိုက်စမ်းပါ...
ဒါဆို ခလေးနားဝိုင်းဝိုင်းလည်နေမှာ...."

"ဟာ အစ်ကိုက မိန်းမကျမ်းကြေလှချေလား
အစ်ကိုငယ်ငယ်ကရည်းစားဘယ်၂ယောက်တောင်ထားခဲ့ဖူးလည်း...
အစ်ကိုက အရမ်းချောတော့သေချာတာ က ကျနော့်ထက်မိန်းကလေးတွေဝိုင်းနေမှာ..."

"3ယောက်လောက်ပါပဲကွာ..."

ခပ်ပေါ့ပေါ့ပြောရင်းသူ့ ခေါင်းထဲ လက်ထိုးထည့်ပြီး...1ချက်၂ချက်ဖွလိုက်တယ်
ခုဆိုသူ့ အရပ်က ကျနော့်ပုခုံးတောင်ကျော်နေပြီ
ကျနော်က 6ပေ ဆိုတော့သူတောင်ကျနော့်ကိုမှီဖို့ 4လက်မလောက်ပဲလိုတော့တယ်လေ
၁နှစ်ထက်၁နှစ်ကျနော့်မျက်စိရှေ့ တင်ထွားလာလိုက်တာ
ကျနော်စတွေ့ ခဲ့ရတဲ့ ၆တန်းကောင်လေးဆိုတာ..
ဘယ်လိုပျောက်သွားမှန်းကိုမသိဘူး

"အစ်ကို..."
သူက ၁ခုခုသိလိုဟန်အကြည့်နဲ့ ကြည့်တယ်
ကျနော်ကသူ့ စိတ်ကိုအတတ်နိုင်ဆုံးမဖတ်ဘူးလေ
စိတ်ဖတ်တယ်ဆိုတာ ကျနော့်အတွက် အာရုံစူးစိုက်ရတဲ့အလုပ်၁ခုပဲလေ...
သို့ ပေမဲ့ ၃နှစ်ဆိုတဲ့အချိန်အတွင်းမှာကျနော်သူ့ မျက်လုံးတွေကိုကြည့်၇ုံနဲ့ ဘာဖြစ်ချင်လည်းဆိုတာသိနေပြီ

"အင်း ဘာမေးချင်လို့ လည်းအစ်ကို့ ကို"

"အစ်ကို...ကျနော်မရှင်းတာ၁ခုရှိသေးတယ်
ဟိုလေ...
အစ်ကို က သေပြီးသားလူမလား...
ဒါပေမဲ့ အစ်ကိုကို သာမာန်လိုမြင်ရတာ ကျနော်၁ယောက်တည်းလေ
ပြီးတော့ အစ်ကိုက ကျနော်မထိရသေးတဲ့ပစ္စည်းဆိုကိုင်မရဘူးလေ
ပြီးတော့...အစ်ကို့ အနံ့ ကိုလည်းကျနော်၁ယောက်ပဲရတာလေ
ပြီးတော့ ကျနော့်၁ယောက်တည်းရဲ့ အိမ်မက်ကိုပဲ အစ်ကိုက ၀င်လို့ ရတာလေ..
ကျနော်ဒါတွေကိုသိပေမဲ့..ကျနော်မသိတာက ကျနော်နဲ့ အစ်ကိုကဘယ်လိုပတ်သတ်တာလည်း"

Based On One HeartOnde histórias criam vida. Descubra agora