Chapter-14

2.1K 262 24
                                        

Based on one heart

"...သူ့ ရဲ့ အခြေအနေက စိုးရိမ်စရာ မရှိပါဘူး

အခန့် မသင့်လို့  ပြန်အောင့်တာပါ.....

ဒါပေမဲ့ ဂရုစိုက်ပေးဖို့ တော့ လိုမယ်
ငယ်စဉ်ကတည်းက ရောဂါ အခံရှိတာမို့ လို့ 

အရမ်း စိတ်ထိခိုက်တာတွေ ဘာတွေ မဖြစ်ပါစေနဲ့ 
သတိမေ့ သွားတာကတော့

ပင်ပန်းပြီး အားနည်းလို့ ဖြစ်ကောင်း ဖြစ်နိုင်တယ်
မကြာခင် သတိရလာပါ လိမ့်မယ်"

"ဟုတ် ဆရာ ကျေးဇူးတင်ပါတယ်"

ဆရာဝန်ပြန်လည်ထွက်ခွာသွားပြီးနောက်မှာတော့

ဆေးရုံအခန်းငယ်လေးဟာ တိတ်ဆိတ်မှုတွေနဲ့ ကျန်ခဲ့ပြန်တယ်

ကုတင်ပေါ်မှာ ငြိမ်သက်စွာအိပ်စက်နေသော ကောင်လေး....

ထိုကောင်လေးသည်သူ့ နှလုံးသားကိုသာမက အရာရာတိုင်းကိုစိုးမိုးနိုင်လွန်းတယ်....

ကျနော်ဟာသူနှင့်ပတ်သက်လာရင် ထင်မှတ်မထားသော ဖြစ်ရပ်တွေ စွမ်းအင်တွေကို ဖန်တီးယူနိုင်တယ်.....

သူနှင့်ပတ်သတ်လာရင် ကျနော်ရဲ့ စဉ်းစားတွေးတောနိုင်စွမ်းတွေ တစ်စတစ်စ လွှင့်ပျောက်ကုန်တယ်....

ကျနော်သူ့ ဆီမှာလုံးဝ ကျရှုံးသွားခဲ့တာပဲ .......

မန္တလေး မြို့ က ကျုံးရေပြင် နဲ့ နန်းမြို့ ရိုးကိုတိုင်တည်ပြီး

သူ့ အားရယ်ရွယ်ထွက်ဆိုခဲ့သောကောင်လေးရဲ့ ရင်ဖွင့်စကားတွေ.......

သူ့ ခံစားချက်နှင့်ထပ်တူကျနေသော ကောင်လေးရဲ့ အချစ်တွေ....

ဒါတွေဟာ သူတို့ ၂ဦးစလုံးပိုင်ဆိုင် ထားကြတဲ့ ၁စုံတည်းသော
နှလုံးသားက ဖန်ဆင်းပေးခဲ့တဲ့ အရာ.....

စိတ်ချပါ ရှိုင်းလေး ......
မင်းပြန်နိုးထလာတာနဲ့ မင်းဘ၀လေးရဲ့ အရာရာကို
မင်းပုံဖော်ထားသလိုဖြစ်အောင်
အစ်ကို အသက်သွင်းပေးပါ့မယ်........

ချစ်တယ်!!!

---------------------------------------

သက်တောင့်သက်သာမရှိသော နေရာတွင် သူစောင့်နေခဲ့သည်မှာနာရီပေါင်းမရေမတွက်နိုင်အောင်ပင်ကြာနေခဲ့ပြီ

Based On One HeartWhere stories live. Discover now