Based On One heart♡
》》》Zay Khant Thit's point of view《《《
မျက်စိရှေ့တွင် တံလျှပ်လိုမျိုးနိမ့်ချည်မြင့် ချည်ဖြစ်နေသော....
အဖြူရောင်အလင်းတန်းများ ဝေဝါးနေသည်.....
မြင်းပေါက်လေးများ ကဆုန်ပေါက်နေသကဲ့သို့ပင်.......ကိုယ့်အတွေးနှင့်ကိုယ်မို့ စိတ်ထဲက တဲတဲလေး ကြည်နူးလာသည်....
လခြမ်းပုံစံ နှုတ်ခမ်းလွှာတို့ကို ခပ်ဟဟဖွင့်ဟကာ....ပြုံးလိုက်တော့....
သွားတက်လေးနှစ်ဖက်က....အစီအရီပေါ်လာသည်...."ငါဘယ်ရောက်နေတာလည်း......"
ဝေဝါးမှုတို့က တစ်စတစ်စ ဖြေလျော့လာသလိုလို.....
ဖြည်းဖြည်းအားစိုက်ကာကြည့်လိုက်တော့ မထင်မရှားမြင်ကွင်းတို့က
သူ့ထံပါးလာရောက်ခစားကြသည်....သူ့ရှေ့မှာမြင်နေရသည်က.... အစိမ်းရောင် မိုးကာသားဝတ်ရုံ တွေနဲ့လူတစ်စု....
သွေးစွန်းနေသော ဓားတိုလေးကို ကိုင်ထားတဲ့ အမျိုးသမီးက ဆံပင်ကိုခပ်မြင့်မြင့်စုစည်းထားသည်....
ထိုလူတွေအားလုံး မျက်လုံးသာပေါ်တဲ့....maskအစိမ်းရောင် ခပ်ပါးပါးကို မျက်နှာတွင် အုပ်ထားကြသည်....တစ်ဖြည်းဖြည်းနှင့်မြင်ကွင်းကရှင်းလာသည်....
ထိုလူစုအလယ်တွင်ကုတင်တစ်လုံး....ပြီးကျတော့....မီးရောင်စူးစူး
ကုတင်ကိုယ်ထည်ပေါ်က... ရင်ဘတ်ပွင့်နေတဲ့ လူသား.....သွေးလန့်ဖွယ်မြင်ကွင်း.....
သို့ပေမဲ့ပိုပြီး ထင်ရှားပြတ်သားလာတော့....
ဒါဟာ ဆေးရုံခန်းတစ်ခုလား....???
လိုတာထက်ပိုပြီး အဆင့်မြင့်လွန်းနေတယ်မလား......ကိုယ့်အလုပ်ကိုယ်ကိုယ် အာရုံစိုက်လုပ်နေကြတဲ့ လူတွေက ခွဲစိတ်ဆရာဝန်တွေပေါ့....
ငါကဘာကြောင့်များ......ဒီအခန်းထဲရောက်???
ဧကန္တ.....ငါသေသွားခဲ့ပြီမလား.....ကျနော်ရှေ့ကိုတိုးရင်း.....ထိုဆရာဝန်တွေကြားထဲရောက်သွားသည်......
"သူတို့ငါ့ကို မမြင်ရဘူးပဲ...."သူတို့အလယ်က ခွဲစိတ်နေတဲ့နေရာကိုတော့ ကျနော်မကြည့်ရဲပါ...
ထိုခွဲစိတ်ခံ လူသား၏ မျက်နှာနှင့် လည်ပင်း အကြားတွင်....
အစိမ်းရောင်ကန့်လန့်ကာတိုတိုငယ်ငယ်တစ်ခုခြားထားသည်...
ŞİMDİ OKUDUĞUN
Based On One Heart
Romantizmသူကဝိညာဉ်.... ကျနော်ကလူသား...... ဘာများထူးပြီး ခြားနားသလည်း???....... ✘ ✘. ✘. ✘. ✘