Based On One Heart
ကောင်းကင်ယံ၁လွှားမှာ... တိမ်စိုင်တိမ်လိပ်တွေဟာ အဖြူရောင် ဂွမ်းစတွေ ဖြန့် ကြဲထားသလို...ပရမ်းပတာပြန့့် ကာနေကြသော်လည်း...ထိုပရမ်းပတာအလှကပင်လောက်ကကြီးကို၁မူထူးခြားစေသည်..
မိုးတွင်းကာလဖြစ်သော်လည်း.... မိုးမရွာပေမဲ့ အတန်ငယ်အုံ့ မှိုင်းနေသော ပတ်ဝန်းကျင်က...မိုးရာသီဖြစ်ကြောင်းသက်သေခံကာ....သူ့ ကိုလှောင်ပြောင်နေသယောင်ယောင်....
ဦးတည်ချက်မဲ့စွာလျှောက်သွားနေခဲ့သော ခြေလှမ်းတို့ ဟာလည်း ဘယ်ကိုလှမ်းလျှောက်နေမှန်းမသိ...
အတန်ငယ်နာကျင်ကာ ညောင်းကိုက်နေသော ခြေထောက်တို့ က.. အချိန်ပေါင်းနာရီပေါင်းများစွာကြာအောင်လမ်းလျှောက်ခဲ့ခြင်းရဲ့ သက်သေအလား...
ချွေးတွေရွှဲရွှဲစိုနေသော ကျောင်းအင်္ကျီဟာလည်း ယောကျာ်းပီသစွာ ခန့် ညားစပြုနေတဲ့ သူ့ ရဲ့ ၁၀ကျော်သက်အရွယ်ခန္ဓာကိုယ်ပေါ်မှာကပ်လို့ ......
ချွေးစက်လေးတွေတွဲခိုနေတဲ့သူ့ ရဲ့ မျက်နှာနုနုဟာ...ဖြူလွန်းလှတဲ့အသားအရောင်နဲ့ မှမလိုက် ချောမောခန့့် ညားမှုကိုဆောင်နေသေးသည်....
လမ်းဘေးဝဲယာက၁၀ကျော်သက်မိန်းကလေးတိုင်းလိုလိုရဲ့ အကြည့်တွေဟာသူ့ ဆီကိုဦးတည်ရောက်လာနေတတ်သည်ကိုသူမသိလေသလော....
သူကိုယ့်အဖြစ်ကိုယ်ကိုပြန်တွေးရင်းပြုံးမိပြန်သည်....
ငါဟာဇေခန့် သစ်ဆိုတဲ့ ၀ိညာဉ် ၁ကောင်ဆီမှာ ဘယ်တုန်းကတည်းကများဒီလောက်ကျရှုံးသွားပါလိမ့်....
ကျောင်းကနေဦးတည်ချက်မဲ့စွာလျောက်လာတဲ့လမ်း၁လျောက်မှာ....သူ့ အတွေးတိုင်းရဲ့ ဦးတည်ရာက ဇေခန့် သစ်ဆီသို့ သာရောက်နေခဲ့သည်....
လူတွေဟာဝေးကွာနေမှ အချစ်ရဲ့ တန်ဖိုးကိုသိကြတာပါလား .....
၃နှစ်တာသံယောဇဉ်ကို...ကျနော်က ညီအစ်ကို လို့ နာမည်သတ်မှတ်ခဲ့ပေမဲ့ ...
.ခုချိန်မှာတော့အတွေးတို့ ကဆန့် ကျင်စွာ....
ရှိုင်းခေတ်ယံဟာ ဇေခန့် သစ်ကို ချစ်မိနေတာပါလို့ သက်သေခံလာလေသည်......
YOU ARE READING
Based On One Heart
Romanceသူကဝိညာဉ်.... ကျနော်ကလူသား...... ဘာများထူးပြီး ခြားနားသလည်း???....... ✘ ✘. ✘. ✘. ✘