Chapter-11

2K 215 6
                                    

Based on one heart

"အစ်ကို...
ဒီဘက်ကိုလာ...."

မှိုင်းညို့ ညို့ တိမ်တိုက်တွေက...ကောင်ကင်၁လွှားမှာဖြန့် ကျက်ပြီး
လူသားများအားနေရောင်ကာကွယ်ရန်အလို့ ငှာ အုပ်မိုးပေးထားကြတယ်....
ကြည်ပြာပြာ နှင့်တောင်သမန်အင်းရေပြင်ကလည်း. ...တမူထူးစွာ..

စိမ်းစိမ်းစိုစိုနဲ့ လှပတဲ့ မယ်ဇယ်ပင်တန်းကြီးကတော့...
လမ်းတစ်ဖက်နှင့်၁ဖက်ရှိ...သူတို့ ပိုင်ဆိုင်ထားရာ..
အကိုင်းအခတ်ချင်းထိလုမတတ်...အုပ်မိုးလို့ ...

မယ်ဇယ်ပင်တွေကြားက...
လှမ်းမြင်နေရတဲ့...
မန္တလေးတောင်...
တောင်ပေါ်က ....အသွယ်သွယ်စီတန်းနေကြသော...
ဘုရားတို့ က ဗုဒ္ဓဘာသာ ကို...အထွတ်အမြတ်ထားသောနိုင်ငံဖြစ်ကြောင်းသက်သေထူလျက်ပေါ့......

ပတ်ဝန်းကျင်သဘာဝအလှတွေထက်...
ပိုလှနေမည်မြင်ကွင်း...ကတော့
သစ်ပင်ရိပ်အောက်မှာအချင်းချင်းကျီစယ်ရင်းလမ်းလျောက်ကာပျော်ရွှင်နေကြတဲ့...ကောင်လေး၂ယောက်..
သို့ သော် သာမာန်ပုထုဇဉ်တို့ ကတော့...ထို၂ယောက်ထဲက၁ယောက်ကိုမြင်နိုင်မည်မဟုတ်....

သူတို့ ဟာချစ်သူတွေလား???

မဟုတ်ပါဘူး!

ဒါဖြင့်....အရမ်းချစ်ကြတဲ့ညီအစ်ကိုတွေ???

အင်း...လက်ရှိအခြေအနေမှာဒီလိုပဲသတ်မှတ်ထားပါရစေ....

သစ်ပင်တွေအောက်မှာလမ်းလျှောက်လာကြရင်းခြေလှမ်းတွေကိုတံတားဆီပြောင်းပေးလိုက်သည်.....

မျက်စိထဲတွင် အစမှအဆုံးနေရာယူထားသောဦးပိန်ဆိုသည့်...တံတားကြီးက မန္တလေးမြို့ ရဲ့ ဂုဏ်ကိုဆောင်လို့ ....

၁ခါ၁လေတော့လည်း ဤတံတားကြီးက....လူရှင်းတတ်သည်လေ...

အခုက ၁ခါ၁လေထဲတွင်အကြုံးဝင်နေတော့...လူရှုပ်တာမကြိုက်သည့် ....၀ိညာဉ်၁ကောင်အတွက်အခန့် သင့်ပင်....

"အစ်ကို...ဘာဖြစ်နေတာလည်း...မပျော်ဘူးလားဆူပုပ်နေတာ"

အင်းရေပြင်၁လျောက်ဖြတ်တိုက်လာသောလေပြေလေး....
စကားသံအချို့ ကို...ဦးတည်သူထံသယ်ဆောင်သွားပေးသည်....

Based On One HeartWhere stories live. Discover now