ရှင်သန်ခဲ့ရတဲ့ ဘဝတစ်ခုလုံးမှာ ကံကြမ္မာက
ကျနော့်အတွက်....ကံဆိုးမှုတွေကိုပဲ ဆောင်ကြဉ်းပေးခဲ့ပေးမဲ့....
သေဆုံးသွားချိန်မှာတော...နူညံ့တဲ့ အချစ်တစ်ခုကိုလက်ဆောင်ပေးခဲ့တယ်.....Based On One Heart ♡
သူကုတင်ပေါ်မှာ ထိုင်နေတာ ကြာပါပြီ...
သူ့ရှေ့က ဘောင်းဘီတိုနန့်နန့် အင်္ကျီ ဖရိုဖရဲနဲ့...
ဆံပင်တွေ ပွစလောင်းခတ်နေပြီး အလုပ်ရှုပ်နေတဲ့ကောင်လေးကို ....
ထိုင်ကြည့်နေတာလေ..."သားသား နောက် မိနစ်၂၀လောက်ဆို ထွက်လာခဲ့တော့ မေမေတို့ ချိန်းထားတာနောက်ကျမယ်"
ရှိုင်းလေးမေမေ ကလည်း ရှေ့ကနေ စောင့်ရတာကြာလို့
အချိန်အတိအကျ သတ်မှတ်ပေးပြီး warning ပေးကာ အော်နေလေရဲ့သူ့စိတ်တိုင်းကျ ပြင်ဆင်လို့ပြီးခါမှ...ကျနော့်လက်ကိုလာဆွဲပြီး သွားရအောင်ခေါ်တဲ့ သူ့ပုံကြောင့်
မှင်သက်မိသွားတာတော့ အမှန်....."ကလေး!!! အက်ပုံစံနဲ့ သွားမလို့လား???"
လုံးဝကို ဖရိုဖရဲပါ.... ကျနော့်အမြင်မှာတော့ ခွေးပေါက်လေးလို ချစ်စရာကောင်းနေပေမဲ့...
သွားတွေ့မှာက လူကြီးလူကောင်းလေ....ပြီးတော့
တွေ့မယ့်နေရာက နာမည်ကြီး restaurant တစ်ခု......"........."
ဘာမှပြန်မပြောပဲ တိတ်ဆိတ်နေသော ကလေးကြောင့် ....
ဘာပြောရမှန်းပင်မသိဖြစ်ရသူက ကျနော်သာ..."ကလေး! အက်ပုံစံနဲ့လုံးဝမသွားရဘူး"
ကျနော့်ရဲ့ အသိပေးစကားသံဆုံးတော့... သူက ဘာလို့လည်းဆိုတဲ့
မျက်လုံးတွေနဲ့ လာကြည့်တယ်......"ကျနော်....ဒီ အတိုင်းပဲ ...သွားမှာ အစ်ကို!!"
ပေကပ်ကပ် စကားသံကနှုတ်ဖျားမှ ထွက်ဟလာတော့... ကိုယ်တိုင်ပဲ ဆွဲချွတ်ပြီး
လဲပေးလိုစိတ်က တစ်ဖွားဖွားပေါ်လာသည်......"ကလေး!!!
ကလေးကလူကြီးလူကောင်းတစ်ယောက်နဲ့သွားတွေ့မှာလေ....
ပြီးတော့ အဲ့လူက..
ကလေးရဲ့...အုပ်ထိန်းသူဖြစ်လာမယ့်သူလေ...."ကျနော့် စကားဆုံးတော့ကျနော့်ကိုစူးရဲရဲ စိုက်ကြည့်လာတဲ့ ကလေးမျက်ဝန်းတွေနဲ့ရင်ဆိုင်ရသည်...

YOU ARE READING
Based On One Heart
Romanceသူကဝိညာဉ်.... ကျနော်ကလူသား...... ဘာများထူးပြီး ခြားနားသလည်း???....... ✘ ✘. ✘. ✘. ✘