Chapter-20

2K 220 9
                                    

Based On One Heart

ရန်ကုန်_မန္တလေးအမြန် လမ်းမကြီးသည် ပျင်းရိဖွယ်ရာခြောက်ကပ်လျက်ရှိသည်...

လကွယ်ရက်နားနီးနေသည်မို့ ရောင်ပြပြက လမ်းမ၁လျောက် အနည်းငယ်သာ ဖြာဆင်းလျက်ရှိသည်...

လမ်းဘေး ၁လျောက်မှ ထိုးထိုးထောင်ထောင် မာကျူရီ မီးတိုင်များရဲ့ နောက်ကွယ်တွင်တော့...
ခြုံနွယ်ပိတ်ပေါင်းများစွာ သစ်ပင်ကြီး များနှင့် အမှောင်ထုက စိုးမိုးလျက်ရှိသည်...

ကျနော့်ရင်ခွင်ထဲက ဆေးကျောင်းသားပေါက်စလေးကတော့ အပြစ်ကင်းစင်စွာ
စိတ်ညစ်စရာတွေကို ခနတာမေ့ရင်း ငြိမ်သက်စွာ အိပ်မောကျလို့....

ဇေခန့်သစ်ဆိုတဲ့ ကျနော်ကလေ ကျနော့်ကလေးလေး ငိုတာမပြောနဲ့
မျက်နှာ ၁ချက်ပျက်တာတောင်မမြင်ချင်သူ..

ဝမ်းနည်းစရာရှိလည်း ကျနော်ပဲ ဝမ်းနည်းချင်သည်...

နာကျင်စရာရှိလည်း ကျနော်ပဲနာကျင်ချင်သည်...

ဝိညာဉ်နဲ့လူသားဆိုတဲ့ သဘာဝ မကျတဲ့ အချစ်၁ခုဟာ ဘယ်အတိုင်းအတာထိများ
ကြာရှည်နိုင်ဦးမလဲ....

တကယ်မတွေးချင်တော့ပါ...

အခုကလေးခံစားနေရတာတွေကို တွေးကြည့်ပြန်တော့...
ကျနော့်အတိတ်ဘဝတို့က ပြန်လည်ထင်ဟပ်လာသည်...

ကိုယ်ချစ်ရတဲ့ ကိုယ့်မိဘက ကိုယ်မသိတဲ့ အခြား အိမ်ထောင်၁ခုကို
တည်ဆောက်တော့မည်ဆိုလျှင် ဘယ်လိုခံစား ရလည်း ကျနော်ကောင်းကောင်းသိပါသည်...

ရှိုင်းလေးရဲ့ မေမေ သည်လည်းမကြာခင် နောက်အိမ်ထောင်ပြုတော့မည်ဖြစ်သလို..

၁ချိန်က၁နည်းအားဖြင့်ကျနော့်အရင်ဘဝက ကျနော့်ဖေဖေ သည်လည်း နောက်အိမ်ထောင်ပြုခဲ့သည်...

အတွေးတို့ကို ပြန်လည်ဖြန့်ကျက်ရင် ယခင်ဘဝ ....၁နည်းအားဖြင့် လွန်ခဲ့သော 
၁၄နှစ်ခန့်က ၈တန်းအရွယ်ကောင်လေးဆီသို့ ပြန်လည်ရောက် ရှိသွားတော့သည်...

ဇေခန့်သစ်

အသက် ၁၃ နှစ် သာသာ ရှိသေးသော ဇေခန့်သစ် ဆိုသည့်ကောင်လေးသည်
အလွန် ကမျင်းကြောထသည်..
၁နေ့၁နေ့ သူတို့ရဲ့ ကျယ်ဝန်းလှသော ခြံကြီး၁ခုလုံး နေရာလပ် မကျန်အောင်ပင် ဆော့နိုင်လွန်းသူဖြစ်သည်

Based On One HeartWhere stories live. Discover now