Chapter-9

2.2K 240 11
                                    

This Chapter contains some age limited words
*sorry for this

"အစ်ကို.."

ကျနော်ခပ်တိုးတိုးခေါ်လိုက်တော့ သူကကျနော့်ကိုလှည့်ကြည့်ပြီး.....
သွားတက်လှလှလေးတွေပေါ်ရယ်ပြတယ်...
ပြီးတော့ဘာမေးစရာရှိလို့ လည်း
မေးလေ...ဆိုတဲ့ မျက်ဝန်းမျိုးနဲ့ 
စိုက်ကြည့်တယ်လေ...

ကျနော်အဲ့သွားတက်တွေမနာလိုလိုက်တာ...
ယောကျာ်းပီသတဲ့မျက်နှာနဲ့ မှမလိုက်
အဲ့သွားတတ်တွေက ကလေးဆန်ဆန်လှပနေတာ...

ပြီးတော့အဲဒီ့မျက်ဝန်းတွေကိုကောပဲ...
လူမမြင်အောင်ညို့ နိုင်စွမ်းရှိတဲ့ မျက်ဝန်းလှလှတွေ ..
.ပြီးတော့ကျနော့်စိတ်ကိုဖတ်တတ်တဲ့သူ့ အတွေးတွေ
စိတ်မဖတ်ပဲနဲ့ တောင်ကျနော့်စိတ်ကိုမှန်နေအောင်
ခန့် မှန်းတတ်တဲ့ အဲ့ဇေခန့် သစ်ဆိုတဲ့လူကိုကောပဲ...
တကယ်ပါဘာလို့ အဲ့လောက်ပြည့်စုံနေမှန်းမသိတာ....

"အစ်ကို!  အစ်ကိုကလေ ဘာကြောင့်
ဒီလောကကြီးထဲမှာအစ်ကို့ ရဲ့ တည်ရှိနေမှုကို..
မဖော်ပြနိုင်တာလည်းဟင်...
ဘာကြောင့်
ကျနော်ကလွဲရင် အခြားသူတွေ မြင်အောင်
အစ်ကို လုပ်လို့ မရတာလည်းဟင်..."

ကျနော့်မေးခွန်းဆုံးတော့
သူ့ မျက်နှာမှာတွေဝေမှုတွေတွေ့ ခဲ့ရတယ်
ဘာကြောင့်လည်း??
ကျနော့်မေးခွန်းထဲမှာအမှားပါသွားလို့ လား...

ဒါမှမဟုတ်ကျနော့်မေးခွန်းရဲ့ ဘယ်အရာက
သူ့ ကိုမှားယွင်းစေလို့ လည်း....

"ခလေး.... "
ကျနော့်ကိုသူခေါ်နေကျ အသုံးအနှုန်းကိုခေါ်ယူရင်းသူပြောတယ်

ကျနော်က သူ့ အတွက်
အလွန်လျှာရှည်တဲ့ကောင်လေးများဖြစ်နေမလားပဲနော်

"လောကကြီးမှာ.....အယူဆိုတာရှိရင် အပေးဆိုတာလည်းရှိရတယ်...
ကိုယ့်ဘက်က မပိုင်ဆိုင်တာ၁ခုကိုလိုချင်ရင်ဖြစ်စေ
ငှားယမ်းချင်ရင်ဖြစ်စေ အခြားကိုယ်ပိုင်ဆိုင်ရာ၁ခုကို
စွှန့် လွှတ်ရတယ်...
ခလေးပြောတဲ့အစွမ်းမျိုးကိုယ့်မှာရှိခဲ့ဖူးတယ် ည၁ညမတိုင်ခင်ထိလေ...
ကိုယ်တို့ လောကမှာ ၁ယောက်နဲ့ ၁ယောက်ပိုင်ဆိုင်ထားတဲ့
မတူညီတဲ့စွမ်းအင်တွေ
အားနည်းချက်တွေရှိကြတယ်...
ကိုယ်မပိုင်တဲ့စွမ်းအင်ကို ငှားသုံးချင်ရင်
ကိုယ်ပိုင်ထားတဲ့အရာ၁ခုကို ငှားယမ်းသူဆီပြန်ပေးရတယ်
ကိုယ်ကတော့ မိုးသည်းတဲ့ည၁ညအတွက်...
ကိုယ်ပိုင်ဆိုင်ခဲ့တဲ့ အဲဒီ့စွမ်းအင်ကိုစွှန့် လွှတ်ခဲ့တယ်..
အဲ့နေ့ ညကသာ ကိုယ်မိုးထဲကိုမထွက်နိုင်ခဲ့ရင်
ကိုယ့် နှလုံးသားရဲ့ ပိုင်ရှင်ကို ကိုယ်ဆုံးရှုံးချင်ဆုံးရှုံးရလိမ့်မယ်"

Based On One HeartDonde viven las historias. Descúbrelo ahora