"မေမေ ကျနော့်ကိုစိတ်ပူလို့ ပြန်လာတာလား??
ဘယ်လိုသိပြီးရောက်လာတာလည်း""အင်း သားလေး........ သားကို ဆေးရုံခေါ်ပို့  ပေးတဲ့
ဇေခန့် သစ်ဆိုတဲ့ ကောင်လေးက မေမေ့ ကိုဖုန်းဆက်တာ"/အော် ..... သူဟာကျနော် မပါပဲ နဲ့ တောင် ph ၁လုံးကို ဆက်လို့ ရနေပြီပဲ/
ခနနေ တော့ အခန်းတံခါးခေါက်သံနှင့် အတူသူ ၀င်လာသည်....
ဘယ်တုန်းကများ အခန်းထဲက ထွက်သွားလိုက်ပါ လိမ့်??"မင်္ဂလာပါ အန်တီ! ကျနော်က ဇေခန့် သစ်ပါ
အန်တီက ဒီကရှိုင်းလေး ရဲ့ မေမေ ဒေါ်မြတ်ခေတ်နောင် နော်
ဟုတ်တယ်မလား?"ကျနော် ၁ခါမှတွေးထင်မထားခဲ့သည့် တရားဝင် တွေ့ ဆုံမှု ....
/သူဟာ ကျနော်မဟုတ်တဲ့ အခြားလူတွေကိုတောင် သူ့ ရဲ့ ပုံစံအစစ်အမှန်ကို ပြလို့ ရနေပြီပဲ/
"သား ဇေခန့် သစ် အန်တီ့သားလေးကြောင့်
ပင်ပန်းသွားရပြီ ခုချိန်ထိလည်း သားလေးကို လာကြည့်ပေးတယ်လို့ 
သိရတယ် အန်တီ ဘယ်လိုကျေးဇူးတင်ရမှန်း တောင်မသိတော့ဘူး"ကျနော်မကျေနပ်ဘူး ဘာကိုမကျေနပ်တာလည်းမသိဘူး....
စိတ်ထဲတစ်မျိုးကြီးပဲ.....သူကတော့မေမေနှင့် စကားတွေဖောင်ဖွဲ့ နေလေရဲ့ .......
ခနနေတော့မေမေ ကျနော့်ကိုစကားလာပြောသည်
"သား !! သားက ဆေးရုံဆင်းလို့ မရသေးဘူး မေမေ သားကိုစောင့် ရှောက်ဖို့ 
nuse မမ ယောက်ကို ခေါ်ပေးထားတယ်""ဟာ မေမေကလည်း မလိုပါဘူး အစ်ကို ရှိနေတာကို"
ကျနော်သူ့ ကိုအားကိုမိပြန်ပြီ....
"သားရယ် ဇေခန့် လေးကလည်း သူ့ အလုပ်နဲ့ သူလေကွယ်
သားနားမှာ အမြဲရှိနေ နိုင်ပါ့မလား"/မေမေ မသိတာတွေ အများကြီးရှိသေးတယ်ဗျာ/
"ဟုတ် ထားပါတော့"
"ဒါမှမေမေ့သားလေး.....
အခုတော့မေမေ အလုပ်ကိစ္စပေါ်လို့  Companyသွားရ လိမ့်ဦးမယ် "မေမေထွက်သွားပြီးတော့
အခန်းထဲတွင်သူ နှင့်ကျနော် ၂ယောက်တည်းသာ......
VOUS LISEZ
Based On One Heart
Roman d'amourသူကဝိညာဉ်.... ကျနော်ကလူသား...... ဘာများထူးပြီး ခြားနားသလည်း???....... ✘ ✘. ✘. ✘. ✘