Chapter-10(part-2)

2K 221 8
                                    

Based on one heart

"ရှိုင်းခေတ်ယံ"

ချစ်လှစွာသော  သူငယ်ချင်း စိုင်းထက်ငယ်  အသံကြောင့်
ပြတင်းပေါက်ကနေ ငေးမောနေရာမှ...
လှည့်ကြည့်မိတယ်

"မင်း..၁ချိန်လုံးငူငူငိုင်ငိုင် နဲ့ ကွာ...
ဘာဖြစ်နေတာလည်း...မင်းအစ်ကိုနဲ့ ရန်ဖြစ်လာတာလား??"

စိုင်းထက်ငယ်...ကျနော့်ရဲ့ ၁ဦးတည်းသောသူငယ်ချင်း...
ငယ်ငယ်လေးကတည်းက အခု၉တန်းထိ ပေါင်းလာခဲ့သူ
ဘယ်သူတွေဘယ်လောက်နှိမ့်ချချ ကျနော့်အပေါ်အမြင်တွေ
ဘယ်လိုစောင်းစောင်း
ကျနော့်ဘက်ကအပြည့်အ၀ ရပ်တည်ပေးသူ

ပြီးတော့....
ကျနော့်ရဲ့ ထူးဆန်းလှသောဖြစ်တည်မှု၁ခုဖြစ်သူ
အစ်ကိုဇေခန့် သစ် အကြောင်းကိုပါသိထားပြီး
ကျနော့်ကိုအပြည့်အ၀ယုံကြည်ပေးသူ၁ယောက်

ကျနော်သူ့ ကိုအပြုံးဖြင့်ပြန်တုန့် ပြန်လိုက်ရင်း

"အင်း...ငါမနေ့ ညက....ထူးဆန်းတာဖြစ်တယ်"

"ဟမ်.."

မျက်နှာပူသည့်ကြားကအကုန် ရှင်းပြလိုက်တော့

"ဘာ..!!!!!
အဲဒါက ဘယ်လိုလည်းဟ...
အဲဒါကိုထားလိုက်ပါ....သူကဘာလို့ ငိုရတာလည်း?
မင်းကကောဘာလို့ ငိုတာလည်း??"

"ငါမသိဘူး စိုင်းငယ်
ဒါပေမဲ့သူငိုတာတွေ့ ရတော့ ငါပါလိုက်ငိုချင်လာတယ်
ပြီးတော့သူ့ မျက်ဝန်းတွေကငါ့ကိုတောင်းပန်နေသလိုမျိုး"

"မင်းသူ့ ကိုချစ်နေတာတော့မဟုတ်ဘူးမလား??
ငါသွားတော့မယ် ကျောင်းတက်ပြီ"

လေ၁ဖြူးဖြူးတိုက်နေသော
ကျောင်းဆောင်ပေါ်မှ  ပန်းရောင်နုနုအပွင့်လေးများနှင့်လှပနေသော...
ကုက္ကိုလ်ပင်ကိုငေးရင်း.....

အချစ်!!!!!
အဲဒါဟာဘာလဲ????

..........................................................................
နေ့ အားဖြင့်စနေနေ့ 

အဖြူရောင်တိမ်တိုက်တွေကကောင်းကင်အနှံ အပြားပျံ့ လွှင့်လို့ 
၁နည်းအားဖြင့် တိမ်ထူတဲ့နေ့ ပေါ့

ကျနော်ကလား???

ကျနော့်ဘ၀ဟာ အခြားကလေးတွေလို ကျောင်းပိတ်ရက်မှာပျော်စရာမရှိ
မေမေ!
ကျနော့်မေမေက ကျနော့်အတွက် သူရှာတဲ့ပိုက်ဆံတွေနဲ့ 
လိုလေသေးမရှိထားပေးတာကလွဲပြီး
ဖေဖေဆုံးပြီးနောက်ပိုင်းမှာ
ကျနော့်အတွက်အချိန်မပေးနိုင်

Based On One HeartWhere stories live. Discover now