Chapter-7

1.9K 237 4
                                    

Chapter-7 
သက်ရှိလူသားတိုင်းမှာရှင်သန်နေရတဲ့ရည်ရွယ်ချက်ကိုယ်စီရှိကြတာပဲလေ...
ပန်းတွေက လောကကြီးကိုအလှဆင်ဖို့ ရှင်သန်တယ်...
တိမ်တွေက ကောင်းကင်ကိုပါရမီဖြည့်ဖို့ ...လှပပေးတယ်
ဒီလိုပါပဲ...
သေဆုံးခဲ့ပြီးသားကျနော့်ဘ၀ဟာလည်း....ထိုကောင်လေးကိုစောင့်ရှောက်ဖို့ ရှင်သန်နေတာပဲ...

ရှင်သန်တယ်ဆိုတာ...အသက်ရှင်နေမှရှင်သန်တာမဟုတ်ဘူးလေ
ရင်ထဲက၁စုံ၁ရာသောမျှော်လင့်ချက်လေးထွန်းတောက်နေရင်ပဲ...
ရှင်သန်ရာရောက်တယ်...မလား

သူ့ ကိုစောင့်ရှောက်ရင်း
အရင်က အတိတ်ဆိုးတွေကြားထဲက ကျနော်ဟာ..
ထိုအရာတွေကိုမေ့ပျောက်နိုင်ပြီး
ကောင်းကောင်းပြုံးရယ်နေနိုင်ခဲ့တယ်လေ

ရှိုင်းခေတ်ယံဆိုတဲ့ကလေးဟာလေ. .ကျနော်သူ့ ဆီရောက်လာတုန်းက
ကျနော်ထင်ထားတာနဲ့ ၁ခြားစီပဲ
ကျနော့်ကိုလည်း၁စက်ကလေးတောင်အကြောက်အလန့် မရှိဘူး...
ဉာဏ်ကောင်းလိုက်တာကလည်းလွန်ပါရော
ကျနော်သူ့ ဆီနေတာ ဘယ်လောက်မှမကြာသေးခင်ကတည်းက..
ကျနော့်အစွမ်းတွေ...ဆောင်ရန်ရှောင်ရန်တွေအကုန်သိနေပြီ...
စာကလည်းတော်လိုက်တာ အမြဲတမ်းအဆင့်၁ပဲ..

ကျနော့်ကိုလည်းရစ်လိုက်တာ
ညနေသူ့ ကိုကျောင်းလာကြိုရင် ကျနော်က သူ့ မေမေထက်အရင်သူ့ ဆီရောက်နေမှကြိုက်တာ
မဟုတ်ရင်စိတ်ကောက်ပြီလေ...
လူကဖြင့်ခုဆို 7တန်းပြီးတော့မယ်
နှုတ်ခမ်းကဆူတုန်း

သူ့ လို အမေတစ်ခု သားတစ်ခုဘ၀ကိုမြင်တော့
ကျနော်လည်း သူ့ လိုပဲမေမေမရှိတော့တဲ့အချိန်မှာ
ဖေဖေနဲ့ ၂ယောက်ထဲနေခဲ့ရတဲ့အချိန်တွေကို..သတိရမိတယ်...

သူ..သူက ကျနော့်ကိုဘ၀မှာ ဖေဖေ ရယ်မေမေရယ်ကလွဲရင်
ဘယ်သူမှဂရုမစိုက်ဖူးသလိုဂရုစိုက်တယ်...
ကျနော့်..အားနည်းချက်တွေကိုအလေးထားတယ်
ကျနော်မကြိုက်တဲ့အချက်တွေ..ကိုေ၇ာပဲ
အထူးသဖြင့်ကျနော်စာဖတ်နေချိန်တွေဆိုရင်
အပ်ကျသံမကြားရအောင်..နေပေးတယ်...
၁ခါက ကျနော်က သူ့ ကိုအဲဒီ့ကိစ္စနဲ့ ပတ်သတ်ပြီအော်ခဲ့ဖူးတယ်လေ...

ကျနော်ဝိညာဉ်တွေအစွမ်းထိန်းချုပ်တဲ့စာအုပ်ကို စိတ်ဝင်၁စားဖတ်နေတုန်း
"အစ်ကို. ..ကျနော်ပျင်းလို့ ...
အစ်ကို. ..ပြတင်းပေါက်ကနေအပြင်ခိုးထွက်ရအောင်...
အစ်ကိုခေါ်ထုတ်ပေးလေနော်"

Based On One HeartWhere stories live. Discover now