Chapter-19

2.1K 202 20
                                        

Based On One Heart

တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးသည့်နေ့မို့ အထက၁ ကျောင်းရှေ့တွင်
ကျောင်းသားများ ပျော်ရွှင်မှုများစွာနှင့် ဆူညံပွက်ကလောရိုက်ရင်း.....ရုန်းရင်းဆန်ခတ်ဖြစ်လျက်

စာမေးပွဲပြီးပြီဟေ့ဟု အော်သူအော်
လွတ်လပ်ပြီဟေ့ဟု အပြိုင်ဟစ်ကြွေးသူက ဟစ်ကြွေးနှင့်  ပျော်စရာအတိပင်

ဒီကြားထဲ Bio ဖြေပြီး ထွက်လာကတည်းက ဂနာမငြိမ်သည်က စိုင်းထက်ငယ်!!
အစ်ကိုနှင့်ပေးတွေ့မည်ဟုပြောထားတာ မသိရင်
သူ့ရည်းစားနဲ့တွေ့ရမဲ့ အတိုင်းစိတ်လှုပ်ရှားနေတာ.....

မေမေ့ကို သူငယ်ချင်းနှင့်လျောက်လည်မည်ဟု
ပြောထားခဲ့သောကြောင့် နောက်ကြောင်းမအေးစရာတော့မရှိ....

ဟော ရောက်လာပါပြီ....
ကျနော့်ချစ်သူ ....
ကျောင်းက ရွပိုးထိုးမတွေရဲ့ မျက်စိကလည်းသူ့ဆီမှာကြည့်ပဲ...
အဲတာကြောင့်ကျနော်က အမြဲတမ်းလိုလို သူ့ကို ကိုယ်ယောင်မပြခိုင်းတာမှားသလား...

၁ခါ၁လေ ရုပ်လုံးလေးပြပြီး အပြင်အတူလျောက်လည်ရင် လမ်းမပေါ်က
အကြီးအလတ် အငယ်မရွေး ရဲ့မျက်လုံးတွေက သူ့ဆီရောက်နေတာလေ....
အရပ်အရှည်ကတော့ ကျနော့်ထက်နဲနဲလျော့ပေမဲ့ ကျနော့်ထက် ၂ဆလောက်ပိုချောနေတာကိုး....

ဘေးက စိုင်းငယ် ကိုကြည့်တော့ မျက်စိအပြူးသား ပါးစပ်အဟောင်းသားနှင့်...

"ရှိုင်းလေး....မင်း သရဲကြီးချောချက်က ....ငါတောင်၁၀ခါပြန်ပစ်ကြွေချင်မိသား"

အမျက်ကပ်ကပ်နှင့် နဖူးကို လက်သီးနဲ့ထုပစ်လိုက်ပြီး

"ခွေးကောင် သရဲမဟုတ်ပါဘူးဆို ....ဝိညာဉ်!ဝိညာဉ်ကွ...မင်းရဲ့သရဲကရုပ်ဆိုးတယ်...
မင်းခေါင်းကြီးကမြဲနေအောင်မှတ်ထားစမ်းဘာ..."

"ကလေး..."

သူ့အခေါ်အဝေါ်ကြောင့် ဘေးက စိုင်းငယ်ကတော့ အိုင့်စ်  လို့ထအော်မတက်.,..

"အစ်ကို သူက စိုင်းထက်ငယ် ....ကျနော့်ရဲ့ ၁ဦးတည်းသော သူငယ်ချင်း"

"အင်း...ကလေးပြောပြဖူးလို့ ကိုယ်မင်းအကြောင်းတွေကြားဖူးပါတယ် တွေ့ရတာဝမ်းသာပါတယ်"

Based On One HeartOù les histoires vivent. Découvrez maintenant