🌟PROLOGUE🌟

3.2K 152 15
                                    

" ကျေးဇူးပြုပြီး ... ဝင်မလာပါနဲ့ ... "

အမုန်းတရားများနှင့် ပြည့်နှက်နေသည့် ကိုယ်တိုင်ဖန်တီး အမှောင်ချထားသော ကမ္ဘာငယ်လေးတစ်ခုသို့ တိုက်ဆိုင်စွာဝင်ရောက်လာသော အကြင်သူအား လှိုက်လှဲစွာမကြိုချင်ပေ ... ။

မုန်းတယ် ... သနားစရာလူသားတစ်ယောက်လို့ ထင်မြင်သွားမှာကို ... ။

မုန်းတယ် ... သံယောဇဉ်တွယ်တာမိသွားမှာကို ... ။

မုန်းတယ် ... နက်နက်နဲနဲချစ်မိသွားမှာကို ... ။

ခက်ခက်ခဲခဲတည်ဆောက်ထားတဲ့ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲ ချစ်ခြင်းတရားတွေ၊ မေတ္တာတရားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှာကို သိပ်ကိုမုန်းမိပါတယ် ... ။

ကိုယ်မှန်သည်ထင် အဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဦးမညွတ်ချင်တဲ့ အတ္တကြီးသူ မိန်းမသားတစ်ယောက် ... ။ အများအလယ်မှာ လက်မထောင်နိုင်တဲ့ အမျိုးသမီးဖြစ်အောင် အသေအလဲကြိုးစားခဲ့ရလို့ ဒီနေရာဒီဒေသမှာ မာနမင်းသမီးဆိုတဲ့ဂုဏ်ပုဒ်နှင့် ချီးမြှောက်ခြင်းခံရသူ ... ။

အတိတ်ကာလ အတွေ့အကြုံများကြောင့် ကျွန်မဆိုတဲ့မိန်းကလေးဟာ တစ်စုံတစ်ဦးကိုမှ မယုံကြည်ပေးနိုင်သည့် သံသယမင်းသမီး ... ။ အဘယ်သောသူကိုမှ မေတ္တာ၊စေတနာတွေ မထားပေးနိုင်သည့် အကြင်နာမဲ့သူလို့ သမုတ်ခြင်းခံရတဲ့သူ ... ။

ချစ်မြတ်နိုးရမည်ကို သိပ်ကိုရွံမုန်းလွန်းလို့ အဘယ်သော ယောက်ျားသားထံမှာမှ ဦးညွှတ်မကျိုးဘူးလို့ စိတ်နှလုံးထဲဝယ် စွဲမှတ်ခံယူထားသည့် မာနထိပ်ခေါင်မင်းသမီးပင် ... ။

သို့ပေမယ့် ... ... ... .... သို့ပေမယ့်လည်း ...... ။

မမျှော်လင့်ထားတဲ့ ကံကြမ္မာတစ်ခုကြောင့် တစ်စုံတစ်ဦးနှင့် တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့တော့တယ် ... ။

ရေခဲတမျှ အေးစက်လွန်းလှတဲ့ နှလုံးသားတစ်စုံဟာ ထိုတစ်စုံတစ်ဦး၏ ကြင်နာယုယမှုများကြောင့် နွေးထွေးလုံခြုံသွားသလို ခံစားခဲ့ရတယ် ... ။ ကျွမ်းကျင်လှသော ဆရာဝန်လေးတစ်ဦးသဖွယ် ကျွန်မရဲ့ဘဝဒဏ်ရာများအား ပကတိပျောက်ကင်းအောင် ကုသပေးခဲ့သူ ... ။

Dear My DestinyWhere stories live. Discover now