🌟Chapter Fifteen🌟

608 93 29
                                    

💘 Dear My Destiny 💘
🌟 Chapter Fifteen🌟
Zawgyi

ချစ်ဦးသူဘက်မှ တောင်းဆိုမှုကို လက်ခံမည်ဟူသော ဆုံးဖြတ်ချက်ကြောင့် သူ၏ရာသီဥတုလေးမှာ တကယ့်ကိုပင် သာယာနေပြီဖြစ်သည် ... ။ ကိုယ်တိုင်တည်ဆောက်ထားသော စိတ်ကူးအိပ်မက်တို့ကြောင့် ရိုက်ကွင်းမှာလည်း တပြုံးပြုံးနှင့် အူမြူးလို့နေသည်မှာ မဆန်းလှ ... ။ ဤရိုက်ကွင်းပြီးလျှင် သူမနှင့်ချိန်းဆိုထားသော နေရာလေးကို သွားရမည်လေ ... ။

ရိုက်ကွင်းပြီးပြီးချင်းမှာပင် တစ်နေကုန်အလုပ်လုပ်ရ၍ စုတ်ပြတ်သတ်နေပြီဖြစ်သောကြောင့် အဝတ်အစားလဲ၊ဘာလဲနှင့် ကိုယ့်ကိုယ်ကို အပြတ်ရွိုင်းလိုက်သေးသည် ... ။ သူ ဘယ်လောက်ထိတောင် အူမြူးနေသလဲဆိုတာ ကားမောင်းနေရင်း ရေဒီယိုမှလာသော ခပ်မြူးမြူး အချစ်သီချင်းလေးကို တကျော်ကျော် အော်ညည်းမိသည်အထိပင်... ။

ချိန်းထားသောနေရာဆီသို့ ရောက်ခါနီးချိန်ဝယ် တီခနဲမြည်လာသော နိုတီသံလေးနှင့်အတူ သူမဆီမှရောက်လာသော စာတိုလေးတစ်ခုမှာ နောက်နေ့မှတွေ့မယ်တဲ့လေ ... ။ ထို့ကြောင့် ကားလေးအား ခေတ္တခဏရပ်နားလိုက်ပြီး အကျိုးအကြောင်းမေးမြန်းရန် ဖုန်းလေးခေါ်လိုက်ပါသော်ငြားလည်း အော်ပရေတာ၏တုန့်ပြန်သံမှအပ ဆက်သွယ်မှုမရခဲ့ပေ ... ။

အကြောင်းအရင်းမရှိ စာတိုလေးတစ်ခုသာပို့ပြီး ကတိဖျက်သည်မို့ ပျော်ရွှင်တက်ကြွနေသောစိတ်အစဉ်မှာ အနည်းငယ်တော့ ပျောက်ကွယ်သွားရသည် ... ။ အမှန်ဆို အနည်းဆုံးတော့ အလုပ်ကိစ္စကြောင့်လား အိမ်ကိစ္စကြောင့်လားလောက်တော့ သူ့ကိုပြောပြသင့်ပါရဲ့ ... ။

" ဟူးး .. ဘာလုပ်ရင်ကောင်းမလဲ ... ?? "

အချိန်နည်းနည်းစောသေးသည်မို့ အိမ်ကိုလည်းမပြန်ချင်သေးပေ ... ။ ထို့ကြောင့် သူငယ်ချင်းတွေဆီ ဖုန်းဆက်ကာ ဟိုဟိုဒီဒီသွားဖို့ အဖော်ညှိကြည့်တော့လည်း တစ်ယောက်မှအားတယ်လို့ကိုမရှိ ... ။

ပျင်းပျင်းနှင့် ကားလေးအား ဦးတည်ရာမဲ့လျှောက်မောင်းစဉ် ခပ်ဝေးဝေး၌ လှမ်းမြင်နေရသော စားသောက်ဆိုင်ကြောင့် ဖျောက်ခနဲပင် လက်ဖျောက်တီးလိုက်မိသည် ... ။ ထိုဆိုင်လေးနားမှ ဖြတ်သွားသည့်အခါတိုင်း အရာရာနှင့်အကြောင်းကြောင်းကြောင့် တစ်ခါမှစားဖြစ်တယ်ဆိုတာမရှိ ... ။ ဒါကြောင့်လည်း တစ်နေ့နေ့တော့ သေချာပေါက်စားမယ်ဆိုပြီး တေးထားခဲ့တာ .. အခုတော့ အခွင့်ကြုံလာပြီပေါ့ ... ။

Dear My DestinyWhere stories live. Discover now