🌟Chapter Eleven🌟

616 96 29
                                    

💘 Dear My Destiny 💘
🌟 Chapter Eleven🌟
Zawgyi

" Hobi ဘယ်လိုတွေဖြစ်လို့ ရောက်ယှက်တွေခတ်နေတာလဲ ... ?? မျက်စိတွေနောက်လာပြီ ... "

အမဖြစ်သူ Dawon မှာ ထိုင်မရ၊ထမရဖြစ်နေသော သူ့ကို အမြင်ကပ်စွာ ဆိုလာတော့သည် ... ။ အကြောင်းမှာကား တမင်မေ့ဖျောက်ထားပါတယ်ဆိုမှ မမကြည့်နေသော တီဗီဇာတ်လမ်းတွဲမှ အကြင်နာပေးခန်းနှင့် တည့်တည့်တိုးလေရဲ့ ... ။ ထို့ကြောင့် မမအား စကားပြန်ပင်မပေးနိုင်ပဲ ခပ်သွက်သွက်သာ အခန်းထဲဝင်ပြီး အိပ်ရာပေါ် ပစ်လှဲချလိုက်ရသည့်အဖြစ်လေ ... ။

" အား Jung Ho Seok .. မေ့ပစ်စမ်း မေ့ပစ်စမ်း .. အဲ့ဒါ အိပ်မက် အိပ်မက်မက်နေတာ ... "

အိပ်ရာပေါ်ဝယ် ဟိုလှိမ့်ဒီလှိမ့်နှင့် စိတ်ကိုအနည်ထိုင်အောင် အတင်းလုပ်ယူပြီးမှ ရေချိုးခန်းထဲ၌ ကိုယ်လက်သန့်ရှင်းရေး လုပ်နေမိတော့သည် ... ။ တည်ငြိမ်သွားပါပြီလို့ ယူဆထားတဲ့စိတ်တွေဟာ ကြေးမုံမှန်ထဲ၌ သူ့မျက်နှာကို ပြန်မြင်ပြီးသည့်နောက် ရောဂါပြန်ထလာသလိုပင် ... ။ သခင်လေး Jung Ho Seok မပီသလိုက်တာနော် ... !!

" ဒီချာတိတ် အဆင်ပြေပါ့မလား .. ?? "

ရေရွတ်သံလေး မဆုံးသေးခင်မှာပင် အတွေးနှင့်စိတ်တို့ကား ငွေမှင်ရောင်ဆံနွယ်ပိုင်ရှင် ချာတိတ်မဆီ ရောက်နှင့်နေပါပြီ ... ။ ပုံမှန်ဆိုလျှင် သူကား ယခုလိုအခြေအနေကို စိတ်မဝင်စားပေမယ့် ဒီတစ်ခါတော့ ယခင်ဗီဇလေးက ပြန်ပေါ်လာသလိုပင် ... ။ အမှန်တကယ်လည်း ဒီချာတိတ်ကို သူမစိုးရိမ်ပဲ မနေနိုင်ပါ ... ။ သူ့ကိုအကြင်နာပေးပြီးတော့မှ ရုတ်တရက်ကြီး မေ့လဲသွားတော့ တာဝန်မကင်းသလို ခံစားမိသည် ... ။

ထို့ကြောင့်လည်း တစ်ကိုယ်တည်း ဘာလုပ်လို့လုပ်ရမှန်းမသိသည်မို့ တွေးမနေတော့ပဲ ဆေးရုံဆီသို့သာ ခေါ်လာခဲ့တာပင် ... ။ ထို့အပြင် ဆေးရုံ၌ So Na Hoon နှင့် တည့်တည့်တိုးသည်မို့ သူမဆီ၌သာ ချာတိတ်ကိုအပ်ထားပြီး ခပ်သွက်သွက်သာ ပြန်လာခဲ့တော့သည် ... ။ ချာတိတ် သူ့ကိုတွေ့သွားလို့ မဖြစ်ဘူးလေ ... ။ ထို့အတူ ချာတိတ်၏အခြေအနေကို စစ်ဆေးပြီးနောက် ပြောလာသော So Na Hoon ၏စကားကြောင့် သူဟာ ပိုလို့ပင် သံသယမကင်းဖြစ်ရသည် ... ။

Dear My DestinyWhere stories live. Discover now