🌟Chapter Ten🌟

664 94 41
                                    

💘Dear My Destiny 💘
🌟Chapter Ten🌟
Zawgyi

ကြေးမုံမှန်ပေါ်ဝယ် ရောင်ပြန်ဟပ်နေသော ပုံရိပ်ငယ်အား စိတ်မပါစွာကြည့်ရင်း အနည်းငယ်စိုစွတ်နေသေးသော ဆံနွယ်များအား ပုဝါဖြူလေးတစ်ထည်နှင့် ပွတ်တိုက်သုတ်နေမိသည် ... ။ သို့သော် ဆံပင်သုတ်ခြင်းအမှုကိစ္စ၌ အာရုံမရောက် .. အလုပ်ကိစ္စ၍သာ အာရုံရောက်နေသဖြင့် သူမ ဤထိုင်ခုံလေး၌ ထိုင်နေတာတောင် အတော်ပင် ကြာနေပြီဖြစ်သည် ... ။ သုတ်လက်စပုဝါဖြူအား မှန်တင်ခုံ၌ အသာလေးတင်ရင်း သက်ပြင်းတွေလည်း ဘယ်နှစ်ကြိမ်တောင်ချနေမိမှန်း မမှတ်မိတော့လောက်ပင်အထိပင် ... ။

" နင်လုပ်နိုင်မှာပါ So Da Hoon ... နင်လုပ်နိုင်တယ် ... "

ထိုသို့ အားပေးစကားလေးများ ရေရွတ်နေသည်မှာလည်း ဘယ်နှစ်ကြိမ်ရှိပြီလဲတောင် မသိပေ ... ။ အမှန်တော့ သူမ တကယ့်ကိုပင် စိတ်မွန်းကြပ်နေခြင်းသာ ဖြစ်သည် ... ။

" Da Hoon yar .. အဆင်ပြေရဲလား ... ?? "

အခန်းတံခါးအား အသာလေးခေါက်၍ စိုးရိမ်စွာဆိုလာသော တစ်စုံတစ်ဦး၏အသံကို သူမကြားလိုက်ရသည် ... ။ ထို့ကြောင့် ခြေလှမ်းများမှာ တံခါးရှိရာဆီသို့ ဦးတည်ပြီး ဖွင့်ပေးချိန်မှာတော့ နွေးထွေးသောအကြည့်တချို့နှင့် ရင်ဆိုင်လိုက်ရ၏ ... ။ ထို့ကြောင့်လည်း ခပ်သွက်သွက်မျက်နှာလွှဲလိုက်ရင်း အသာအယာ နှုတ်ဆိတ်နေမိလိုက်သည် ... ။

" Da Hoon ဗိုက်ဆာနေပြီလား .. တစ်ခုခုစားချင်တာ ရှိလား ... ?? "

" ဟင့်အင်း ... "

" ဘာဖြစ်လို့လဲ .. နေ့လည်ကလည်း ဘာမှမစားရသေးဘူးမလား ... ?? အစာလွန်သွားရင် ဗိုက်တွေအောင့်လာလိမ့်မယ် ... တစ်ခုခုတော့စားလေ ... "

" ရပါတယ် ... "

ူမေးလိုက်သည့်အခါတိုင်း ငြင်းမြဲငြင်းဆဲမို့ သူကား အလိုက်တသိပင် မေးခွန်းများထုတ်ပြီးမထုတ်တော့ ... ။ သူမသည်လည်း အခန်းတံခါးကိုသာ ပိတ်လိုက်ရင်း အိစက်ညက်ညောလှသော တစ်ယောက်အိပ်ကုတင်ပေါ်ဝယ် စိတ်ပျက်စွာထိုင်ချမိပြန်သည် ... ။

အမှန်တော့ သူမရောက်နေသော အခန်းငယ်သည် Kim Seok Jin ဆိုသောလူသား၏ ကိုယ်ပိုင်အခန်းလေးပင်ဖြစ်သည် ... ။ ယခုလို သူ၏ကွန်ဒိုငယ်လေးဆီသို့ ရောက်နေရခြင်းအကြောင်းမှာ ညနေပိုင်းအချိန်အထိ သူမ၏အိမ်ရှေ့၌ သတင်းထောက်များ တဖွဲဖွဲရောက်နေသောကြောင့်သာပင် ... ။ ထို့ကြောင့် သူကပင် ဦးဆောင်လမ်းပြကာ သူမနေသော သူ၏ကွန်ဒိုအခန်းငယ်ဆီသို့ ခေါ်လာခဲ့ခြင်းဖြစ်သည် ... ။

Dear My DestinyWhere stories live. Discover now