🌟Chapter Two🌟

1.1K 93 6
                                    

💘Dear My Destiny💘
🌟Chapter Two🌟
Zawgyi

" ဟေ့ အားလုံးသတိ ... လူဆိုးမကြီးလာနေပြီ ... "

မှန်ပြောင်းဖြင့် ကားပါကင်ဘက်သို့ကြည့်နေသော ဝန်ထမ်းကောင်လေး၏ သတိပေးသံကြောင့် ဌာနအတွင်းရှိ ဝန်ထမ်းများအားလုံး စိုးရိမ်ထိတ်လန့်သွားလေရဲ့ ... ။ တပြိုင်နက်ဆိုသလို snack ထုပ်များ၊ စားသောက်စရာများကိုသိမ်းသူကသိမ်း ... အလှအပကြိုက်လှသော ကောင်မလေးများကလည်း စားပွဲပေါ်ရှိ အလှပြင်ပစ္စည်းများကို ကဗျာကယာသိမ်းကြသလို ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေကြသော ဝန်ထမ်းတချို့ကလည်း ဖုန်းများကိုပါဝါပိတ်ကာ သတိအနေအထားနှင့် ဟန်မပျက်အလုပ်လုပ်နေကြတော့သည် ... ။

ဌာနတစ်ခုလုံး အပ်ကျသံမျှမကြားအောင် တိတ်ဆိတ်သွားပြီးနောက် အချိန်ပိုင်းမှာပင် လူဆိုးမကြီးလို့ အားလုံးကအမွှန်းတင်ထားကြသည့် Flora လုပ်ငန်း၏ နှစ်ယောက်မရှိနိုင်သော အမျိုးသမီးအဖွဲ့မှူးဖြစ်သည့် So Da Hoon တစ်ယောက် ရောက်ချလာလေရဲ့ ... ။ အနက်ရောင်ဆံနွယ်ရှည်များကို ခပ်မြင့်မြင့်စည်းကာ ဝတ်ထားသော ကြက်သွေးရောင်ကုတ်နှင့် ဆင်တူဖြစ်သောစတိုင်ပန်ဖြင့် နီရဲနေသောနှုတ်ခမ်းပိုင်ရှင် So Da Hoon သည်ကား လွန်စွာပင်စမတ်ကျလှသည် ... ။

ချွန်မြမြအနက်ရောင်ဒေါက်၏ အသံအားနားစွင့်နေသော ဝန်ထမ်းများမှာ အသက်ပင်ဖြောင့်အောင် မရှုနိုင်ကြချေ ... ။ တဒေါက်ဒေါက်မြည်သံကား ဝန်ထမ်းများ၏ခုံရှေ့၌ ဖြတ်သန်းသွားပြီးနောက် သူမ၏ရုံးခန်းထဲဝင်ရန်အတွက် တံခါးဆွဲဖွင့်လေ၏ ... ။ တဆက်တည်းမှာပင် တံခါးပိတ်သံကြားလိုက်ရသောကြောင့် မော်နီတာဆီသို့အကြည့်ရောက်ကာ သတိအနေအထားဖြင့် အလုပ်လုပ်ချင်ယောင် ဆောင်နေကြသောဝန်ထမ်းများမှာ ယခုမှပင် အသက်ဝဝရှုကာ သက်ပြင်းချနိုင်တော့သည် ... ။

" အမလေး .... တော်ပါသေးရဲ့ ... နှလုံးခုန်ရပ်သွားပြီတောင်ထင်တာ .... "

ရင်ဘတ်လေးကို အသာအယာဖိ၍ တိုးတိုးလေးဆိုလာသော ဝန်ထမ်းကောင်မလေးကြောင့် ဘေးဘက်ရှိကောင်လေးမှာ တပြုံးပြုံးပြောရှာသည် ... ။

" ဒီနေ့ အားလုံးမှတ်ထားကြနော် ... ဌာနတစ်ခုလုံးမှာ တစ်ယောက်မှအပြောခံမထိဘူး ... ထီထိုးရ ...... .. "

Dear My DestinyWhere stories live. Discover now