💘Dear My Destiny💘
🌟 Chapter One 🌟
Zawgyi" ဒိုင်း ..... ဒိုင်း .... ဒိုင်း .... !!!!! "
ယမ်းငွေ့များတလူလူနှင့်အတူ တရစပ်ထွက်လာသော ကျည်ဆံများမှာ ပစ်မှတ်ရှိရာဆီသို့ မာရသွန်ပြိုင်ပွဲဝင်သကဲ့သို့ သူ့ထက်ငါအပြိုင် တသုန်သုန်ပြေးလွှားလျက်ရှိသည် .... ။ ကိုင်ဆောင်ထားသော ပြောင်းရှည်သေနတ်ရှိ ကျည်ဆံများကုန်စင်သွားတော့မှ အကာအကွယ်ပြုထားသော မျက်မှန်ကိုဖယ်၍ တဖြည်းဖြည်းရွေ့လျားလာသော ပစ်မှတ်စာရွက်ကြီးကို ရင်ခုန်စွာကြည့်လိုက်သည် ... ။
" So Da Hoon ... နင်သိပ်တော်တယ် ... "
အဓိကပစ်မှတ်စုံနေရာ၌သာ ပေါက်ပြဲနေသည့် စာရွက်ကြီးကိုကြည့်ပြီး ဂုဏ်ယူမိသလို နှုတ်ခမ်းပါးနီနီလေး၌ ကျေနပ်ပြုံးလေးတစ်ချက် ပေါ်ပေါက်လာခဲ့၏ ... ။
ကိုယ်ပေါ်၌နေရာယူထားပါသော ကျည်ကာဝတ်စုံကိုချွတ်၍ ဖွေးဖွေးဆွတ်ဖြူနေသော အဖြူရောင်ရှပ်အင်္ကျီအား တတောင်ဆစ်နားရောက်သည်အထိ ခေါက်တင်လိုက်လေသည် ... ။ ထို့နောက် အနည်းငယ်ဖရိုဖရဲဖြစ်နေသော ဆံနွယ်ရှည်အား သေချာစွာဖြီးသင်ပြီး ခပ်မြင့်မြင့်စည်းထားလိုက်၏ ... ။
*** တီ... တီ ... ***
သီချင်းသံမဟုတ်သည့် သာမန်သံစဉ်တစ်ခု ထွက်ပေါ်လာချိန်၌ ဖုန်းကိုဆက်ခနဲ ကောက်ကိုင်လိုက်ပြီးနောက် မြင့်မားလှသော နီရဲရဲဒေါက်ဖိနပ်အား အမှီပြု၍ ခြေလှမ်းကျဲကြီးများမှာ ရွှဲအိစိုလှသော အနီရောင်တောက်တောက် ကားရှိရာဆီသို့ ဦးတည်လျက်သာ ... ။
So Da Hoon ဆိုသောသူမသည် စိတ်မြန်ဆန်သူဖြစ်ရုံသာမက ကိုယ်မှန်ရင်ထင် အဘယ်သူတစ်စုံတစ်ဦးကိုမှ ဂရုမစိုက်တတ်သော မာနခပ်ကြီးကြီး မိန်းမတစ်ယောက်ပင် ... ။ အနီရင့်ရောင်ခပ်တောက်တောက်ဖြင့် မွမ်းမံထားသည့်နှုတ်ခမ်းပါးဝယ် မချိပြုံးတစ်ခုဖြင့်သာ အလှဆင်တတ်သူဖြစ်ပြီး ထိုအပြုံးအောက်၌ ဖော်မပြတတ်သော လျို့ဝှက်ခြင်းများ ရှိနေသောသူမ ... ။ ထက်မြက်သွက်လက်လွန်းသည်နှင့်အညီ သွေးအေးလွန်းလှသူဖြစ်ပြီး နှလုံးသားမရှိဘူးလားဟု မေးရလောက်သည်အထိ အကြင်နာတရားမဲ့သူတစ်ယောက်အဖြစ် သမုတ်ခြင်းခံရသူလည်းဖြစ်သည် ... ။
YOU ARE READING
Dear My Destiny
FanfictionAlthough my life would be in the darkness ... The person who bring light to me ... Is only you ... ... ... Dear My Destiny ... !!! 💘Genre - Fanfiction, Romance, Drama 💘Length - Medium 💘Characters - Kim Seok Jin, Jung Ho Seok, Jeon Jung Kook & OC...