🌟Chapter Eight🌟

664 86 33
                                    

💘Dear My Destiny 💘
🌟Chapter Eight🌟
Zawgyi

ညဂျူတီပြီးသည်နှင့် နားနေဆောင်ထဲသို့ ကဗျာကယာဝင်ကာ သူမစားပွဲပေါ်၌ နေရာယူနေတတ်သော တစ်စုံတစ်ရာအား ရှိလိုရှိငြားမျှော်လင့်ချက်ဖြင့် မျက်လုံးလေးဝေ့ကာရှာမိလိုက်သည် ... ။ သို့သော် ထိုတစ်စုံတစ်ရာကား မျှော်လင့်ထားသလို သူမစားပွဲပေါ်ဝယ် ရှိမနေပေ ... ။ ထို့ကြောင့် စိတ်ညစ်ညစ်ဖြင့် သက်ပြင်းလေးချရင်း ယာယီအိပ်ဆောင် ကုတင်ပေါ်သို့ ထိုင်ချလိုက်၏ ... ။

သူမ မျှော်လင့်နေသော ထိုအရာသည်ကား သုံးရက်ဆက်တိုက် သူမစားပွဲပေါ်ဝယ် လမ်းမှားပြီးရောက်ရောက်လာသော နှင်းဆီနီလေးတစ်ပွင့်ပင် ... ။ သို့သော် ပန်းနှင်းဆီလေး ပျောက်နေသည်မှာ ယနေ့နှင့်ဆို နှစ်ရက်ပင်ရှိပြီဖြစ်သည် ... ။ မထင်မှတ်ထားချိန်တုန်းက ရောက်ရောက်လာတတ်ပြီး ယခုမှပျောက်ကြီးမလှ ပျောက်သွားသောကြောင့် နှင်းဆီနီလေး၏ ပိုင်ရှင်ကိုတောင် သူမမသိခဲ့ရဘူးလေ ... ။ ဘယ်အချိန်များ လာထားသွားသလဲလို့ သူမ၏သူငယ်ချင်းများကို မေးကြည့်ပါသော်လည်း အနက်ရောင်ဝတ်စုံပြည့်ဝတ်ထားသော လူတစ်ယောက်မှလွဲ၍ တိတိကျကျအဖြေမျိုး မရချေ ... ။

" တော်ပြီ .. မလာလဲနေပေါ့ မမျှော်ဘူး ... !! "

" ဘာတွေကို မမျှော်ဘူးလုပ်နေတာလဲ ... "

နှုတ်ခမ်းလေးစူရင်း တစ်ကိုယ်တည်းရေရွတ်နေစဉ် နားနေဆောင်တံခါးလေးကို တွန်းဖွင့်ရင်းဝင်လာသော သူငယ်ချင်းမကြောင့် သူမခေါင်းလေးခါပြမိသည် ... ။

" ဘာမှ မဟုတ်ပါဘူး Song ရယ် ... ညက လူနာတွေရောက်လာများလို့ ပင်ပန်းနေတဲ့အကြောင်း ပြောနေတာ ... "

" အံမယ် .. လိမ်လည်းကြည့်လိမ်စမ်းပါဦး ... ဘာလဲ .. နှင်းဆီပန်းလေးကို မျှော်နေတာလား ... "

" အာ .. မဟုတ်ပါဘူး Song ကလည်း ... "

လူမိသွားသောကြောင့် စကားဖြင့်သာ မဟုတ်ပါဘူးဟု ရှက်ကိုးရှက်ကန်းနှင့် ငြင်းနေမိသော်လည်း ပါးမို့လေးများမှာ ပန်းသွေးရောင်လေး သမ်းနေပြီဖြစ်သည် ... ။

" မမျှော်ဘူးဆိုလည်း ပြီးတာပဲ .. ဒီနေ့ အိမ်ပြန်မနားတော့ဘူးလား ... "

Dear My DestinyWhere stories live. Discover now