🌟Chapter Twelve🌟

604 88 15
                                    

💘 Dear My Destiny 💘
🌟 Chapter Twelve🌟
Zawgyi

စိတ်ထဲ၌မထင်မချဖြစ်နေသော ကိစ္စရပ်တစ်ခုကြောင့် စစ်ဆေးရန်အလို့ငှာ စိတ်မြန်သောသူမမှာ ချက်ချင်းပင် ကုမ္မဏီရှိရာသို့ ထွက်လာခဲ့တော့သည် ... ။ လောလောဆယ်တွင် သူမ၌ကားလည်းပါမလာသည်မို့ အငှားယာဉ်ငှားရန် ဟန်ပြင်နေစဉ် ရင်းနှီးနေသော ကားလေးတစ်စင်းဟာ သူမရှေ့သို့ ဆိုက်လို့လာလေရဲ့ ... ။

" Da Hoon yar .. ဘယ်သွားမလို့လဲ ... ?? "

" ရုံးကိုပါ .. ဒါဆို သွားခွင့်ပြုပါဦး ... "

သူ့အား စကားမြန်မြန်ဖြတ်လိုက်ပြီး တက္ကစီငှားရန်အတွက်သာ အာရုံစိုက်လိုက်တော့သည် ... ။ သို့ပေမယ့်လည်း သဘောကောင်းလွန်းသော သူ့ကြောင့် သူမမှာ သူ၏ကားလေးနှင့်သာ ကုမ္မဏီသို့ ရောက်လာခဲ့ရပြန်သည် ... ။

ရောက်ရောက်ချင်းမှာပင် လုံခြုံရေးအခန်းဆီသို့ ဦးတည်လိုက်ပြီး သူမရုံးခန်းတစ်ဝိုက်ရှိ CCTV အားလုံးကို စစ်ဆေးခိုင်းတော့သည် ... ။ အချိန်အတော်ကြာသည်အထိ အသေးစိတ်စစ်ဆေးနေစဉ် ကံကောင်းထောက်မစွာဖြင့် မသင်္ကာစရာတစ်စုံတစ်ခုကို သူမသတိထားလိုက်မိ၏ ... ။

ထိုအရာသည်ကား Haru တစ်ယောက် သူမမရှိပါပဲနှင့် သူမ၏ရုံးခန်းထဲဝင်သွားပြီး အချိန်အတော်လေးကြာမှ ထွက်လာခြင်းပင် ... ။ အချိန်အားဖြင့်လည်း ရုံးဆင်းချိန်ဖြစ်နေသောကြောင့် သူမ၏မသင်္ကာမှုမှာ ပို၍သေချာသွားရသည် ... ။ ကဗျာကယာပင် သူမ၏ဌာနဘက်သို့သွားကာ မေးမြန်းလေတော့ Haru ကား ခွင့်ရက်ရှည်ယူထားသည်တဲ့လေ ... ။ ထို့ကြောင့် ပို၍မသင်္ကာသည်မို့ ချက်ချင်းဆိုသလိုပင် Haru အိမ်ရှိရာဆီသို့ အချိန်မဆွဲပါပဲ ခပ်မြန်မြန်သာ ထွက်လာခဲ့လိုက်တော့သည် ... ။

Haru ၏အိမ်လေးမှာ တောင်ကုန်းငယ်လေးပေါ်ရှိ ဆင်ခြေဖုံးရပ်ကွက်လေးတွင် ရှိသည့်အတွက် အိမ်လေးကိုတော်တော်နှင့် ရှာလို့မတွေ့ပေ ... ။ ရှာတွေ့ပြန်တော့လည်း မိုးချုပ်စပြုနေပြီပင်ဖြစ်သည် ... ။ ထပ်၍ ကံမကောင်းသည်လား မပြောတတ် .. Haru မှာ အိမ်တွင်ရှိလို့မနေချေ ... ။ သို့ပေမယ့် လွယ်လွယ်နှင့် သူမ လက်မလျော့နိုင် ... ။ Haru သာ အမှန်တရားကိုဝန်ခံပါလျှင် သူမအပေါ် စွပ်စွဲမှုများ ပျောက်သွားနိုင်သည်လေ ... ။

Dear My DestinyWhere stories live. Discover now