💘 Dear My Destiny 💘
🌟 Chapter Twenty🌟
Zawgyi
လူတွေပြောပြောနေကြတဲ့ ယုံတမ်းစကားတစ်ခုရှိတယ် ... ။ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူး၊မမြင်ဖူးတဲ့ လူတစ်ယောက်ကို မထင်မှတ်ပဲ တစ်ရက်ထဲမှာ သုံးကြိမ်တွေ့ခဲ့မယ်ဆို ဒီလူဟာ ကိုယ့်ရဲ့ဖူးစာရှင်ပဲတဲ့ ... ။
သို့ပေမယ့်လည်း သူကိုယ်တိုင်က ခေတ်လူငယ်တစ်ဦးဖြစ်တာမို့ ဒီစကားနဲ့ပတ်သတ်ပြီး စိတ်ထဲမရှိခဲ့တာတော့အမှန်ပါပဲ ... ။ တက္ကသိုလ်ပထမနှစ်ဆိုတာ စည်းကမ်းချက်တွေများတဲ့ အထက်တန်းကနေ လွတ်မြောက်လာပြီး ဘဝမှာပျော်စရာအကောင်းဆုံး နေ့ရက်လေးတွေ အစပျိုးတဲ့နှစ်ပဲမဟုတ်လား ... ။
ဝါသနာတူတွေစုပြီး ကျောင်းအဖွဲ့ကလပ်တွေဝင်မယ် .. ။ တွေ့ဆုံပွဲတွေသွားပြီး ကောင်မလေးတွေကိုရှိုးမယ် ... ။ ဒါဟာ တစ်သက်မှာတစ်ခါပဲရနိုင်တဲ့ တက္ကသိုလ်ကျောင်းသားဘဝပဲလေ ... ။ သူကိုယ်တိုင်လည်း တွေ့ဆုံပွဲတွေ သွားခဲ့ဖူးပေမယ့် အချစ်ရေးထက် အပေါင်းအသင်းမက်တဲ့သူမို့ သူငယ်ချင်းတစ်သိုက်နဲ့ ဝေးလားဝါးလားလုပ်ရင်း တက္ကသိုလ်ပထမနှစ်ဝက်ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့ပါတယ် ... ။
တက္ကသိုလ်ရယ် ဂိမ်းဆိုင်ရယ် စာအုပ်ဆိုင်ရယ်သာ အပတ်မလည်သွားနေတဲ့ သူ့လိုလူဆီကို တစ်နေ့မှာတော့ ယုံတမ်းစကားထဲကလို အဖြစ်အပျက်လေးဟာ မထင်မှတ်ပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လို့လာခဲ့ပါတယ် ... ။ မှတ်မှတ်ရရပင် ပထမနှစ်ဝက် စာမေးပွဲပြီးပြီးချင်းမှာပဲ သူငယ်ချင်းတွေ အထုပ်ကိုယ်စီဆွဲရင်း နယ်ဘက်ကို ခရီးထွက်တုန်းကပေါ့ ... ။
" Seok Jin .. မင်းဘယ်သွားမလို့လဲ ... ?? "
" ဒီနားပဲ .. နည်းနည်းပါးပါးလျှောက်ကြည့်မလို့ ... "
ဂျောင်းဂျူကိုရောက်ရောက်ချင်းမှာပဲ ခြေမငြိမ်တဲ့သူကတော့ အထုပ်ချချပြီးချင်း ကင်မရာဆွဲပြီး ထွက်လာခဲ့လိုက်တော့သည် ... ။ ရိုက်ကူးရေးမေဂျာရဲ့ ကျောင်းသားပေါက်စပီသစွာပင် သူသွားရာလမ်းတစ်လျှောက်ကိုလည်း ဗီဒီယိုကင်မရာအသေးလေးက အလိုလို မှတ်တမ်းတင်ပြီးသားပင်ဖြစ်သည် ... ။
YOU ARE READING
Dear My Destiny
FanfictionAlthough my life would be in the darkness ... The person who bring light to me ... Is only you ... ... ... Dear My Destiny ... !!! 💘Genre - Fanfiction, Romance, Drama 💘Length - Medium 💘Characters - Kim Seok Jin, Jung Ho Seok, Jeon Jung Kook & OC...