🌟Chapter Sixteen🌟

617 85 24
                                    

💘 Dear My Destiny 💘
🌟 Chapter Sixteen 🌟
Zawgyi


" Sanbae .. ကျွန်တော့်ကိုပြောစရာရှိတယ်ဆို ... "

" အေး ဟုတ်သားပဲ .. ငါလည်း အလုပ်တွေနဲ့ဆိုတော့ သတိမေ့မေ့နေလို့ မပြောဖြစ်တာကွ ... "

ရှုတင်နားချိန်မှာတောင် ရိုက်ထားသည့်ဇာတ်ကွက်တို့ကို ပြန်စစ်ရင်း အလုပ်ရှုပ်နေသည့် ဆန်းဘေးတဖြစ်လဲ ဒါရိုက်တာကြီးအား အသံလေးတစ်ချက်ပေးလိုက်သည် ... ။ သူ့ကိုပြောစရာရှိတယ်ဆိုပြီး သတိမေ့နေသောအကြောင်းအား ဆန်းဘေးက အကျယ်တဝံ့ရှင်းပြနေသေးသည် ... ။

" ရပါတယ် Sanbae ... ဒါနဲ့ ဘာကိစ္စများလဲ ... ?? "

" Australia ရုပ်သံဌာနမှာ မီဒီယာပိုင်းနဲ့ပတ်သတ်ပြီး အလုပ်ကမ်းလှမ်းထားတာရှိတယ် ... အဲ့ဒါ မင်းသွားနိုင်မလားလို့ မေးကြည့်တာ .. ငါကသွားချင်ပေမယ့် အိမ်ကမိန်းမနဲ့ ကလေးတွေကြောင့် သွားလို့မဖြစ်ဘူးလေ ... မင်းက ငါ့လက်ထောက်အဖြစ် လုပ်တာလည်းကြာပြီဆိုတော့ မင်းအရည်အချင်းကိုယုံတယ် ... မီဒီယာပိုင်းနဲ့ပတ်သတ်တဲ့ အတွေ့အကြုံတွေရော ပညာပါထပ်ရမှာမို့လို့ ငါကတော့ မင်းကိုသွားစေချင်တယ် ... "

အကျိုးအကြောင်းလျော်ညီစွာ ပြောနေသောဆန်းဘေးမှာ သူ့အားတကယ့်ကိုပင် သွားစေချင်ပုံပေါ်သည် ... ။ ဆန်းဘေးကား သူကျောင်းပြီးပြီးချင်း အလုပ်ခွင်ထဲအခြေချကတည်းကပင် အစစအရာရာ ကူညီပေးခဲ့သူဖြစ်သည် ... ။ ဆန်းဘေးကား သဘောမနောကောင်းသောကြောင့် အကျိုးပေးသည်လားမသိ .. ရိုက်သမျှ ရုပ်ရှင်၊ဇာတ်လမ်းတွဲတိုင်းလိုလို ပေါက်ရောက်သည် ... ။

သူသည်လည်း ဆန်းဘေး၏လက်ထောက်ဒါရိုက်တာအဖြစ် နှစ်အတော်ကြာကြာ လုပ်ခဲ့သောကြောင့် အတွေ့အကြုံလည်း ရှိနေပြီဖြစ်သလို ထိုက်သင့်သော နာမည်တစ်ခုလည်း ရနေပြီဖြစ်သည် ... ။ ဆန်းဘေးကိုယ်တိုင်ကပင် အဓိကဒါရိုက်တာအဖြစ် လုပ်ခိုင်းနေပြီဖြစ်ပါသော်လည်း သူကတော့ နောက်နှစ်လောက်မှ ဒါရိုက်တာကြီးအဖြစ် စတင်လုပ်ဖို့ စိတ်ကူးထားတာပင် ... ။

ယခုလည်း ဆန်းဘေးပြောသလို Australia ရုပ်သံဌာန၌သာ အလုပ်လုပ်ဖြစ်ပါလျှင် သူ့အတွက် အခွင့်အလမ်း၊ အတွေ့အကြုံတွေ အများကြီးရလာနိုင်သည် မဟုတ်လား ... ။

Dear My DestinyWhere stories live. Discover now