💘Dear My Destiny💘
🌟Chapter Three🌟
Zawgyi" ဟာ .. !!! ဒါဘာတွေလဲ ???? "
အစုံစုံသော မိန်းကလေးအသုံးအဆောင်များနှင့် စုပြုံထည့်ထားသော အဝတ်အစားများကြောင့် ကြက်တွင်းကဲ့သို့ပင်ဖြစ်နေသော အရှေ့ရှိခရီးဆောင်အိတ်ကြောင့် အတော်လေးပင် စိတ်ဆင်းရဲသွားရသည် ... ။
" ကျစ် ... မှားစရာရှားလို့ ဘယ်လိုမိန်းကလေးအိတ်မှန်းမသိ ... စည်းကမ်းရှိချက်က ကမ်းကုန်ပဲ ... !! "
Ho Seok မကျေနပ်စွာ တတွတ်တွတ်ရေရွတ်ရင်း ရှုပ်ပွပေတူးနေသောအိတ်ထဲ၌ လိပ်စာကဒ်လေးများ ပါမလားအထင်နှင့် ရှာကြည့်သော်လည်း ထွက်မလာသောကြောင့် အတော်လေးတင်းနေပြီဖြစ်သည် ... ။ စိတ်ရှုပ်ရှုပ်နှင့် အိတ်ထဲရှိပစ္စည်းအစုံအား ကုတင်ထက်ဝယ် ဖြစ်သလိုသွန်ချပြီး ဖရိုဖရဲအဝတ်အစားများအကြား စိတ်ရှည်လက်ရှည်ရှာနေမိသည် ... ။
ထိုမိန်းကလေးအား တွေ့ချင်လှလွန်းတော့မဟုတ် ... ။ သူ့ခရီးဆောင်အိတ်ထဲ၌ ပါသွားသောအဝတ်အစား အသုံးအဆောင်များမှာ နာမည်ကြီး luxury brand တွေချည်းသာပင် ... ။ ထို့အပြင် Louis Vuitton မှ limited edition နှင့်ထုတ်ထားသော ရှုးဖိနပ်အသစ်လေးပါလာသောကြောင့် အိတ်ရုတ်တရက်ပျောက်သွားသည်ကို လက်မခံချင်ပေ ... ။ ထို့ကြောင့် ခရီးဆောင်အိတ်လေးပြန်ရရန်မှာ သူ့အတွက် အတော်အရေးကြီးလှသည် ... ။
" Hobi လေး ညစာစား .. အဲ ... ဘာတွေပါလိမ့် ... ?? "
ညစာစားရန်အတွက် ကဗျာကယာလာခေါ်သည့် တစ်ဦးတည်းသောအမဖြစ်သူကား တံခါးမခေါက်၊ဘာမခေါက်ဖြင့် ဇွတ်ဝင်လာလေတော့ ကုတင်ထက်ရှိ မိန်းကလေးအဝတ်ပုံနှင့်အတူ သူ့ကိုတွေ့လိုက်ရသဖြင့် ပါးစပ်အားလက်ဝါးဖြင့်အုပ်ကာ အံ့ဩသွားဟန်တူသည် ... ။ ခပ်သုတ်သုတ်ပင် သူ့ဘေးနားသို့ချဉ်းကပ်၍ လေသံတိုးတိုးဖြင့် တရားခွင်စစ်ဆေးရန် တပြင်ပြင်လုပ်လာတော့သည် ... ။
" Noona ကလည်း တံခါးလေးဘာလေး ခေါက်တာမဟုတ် ... !! "
" နေပါဦး Hobi ရဲ့ .. ဒါ မိန်းကလေးအဝတ်အစားတွေမလား ... ဂါဝန်လှလှလေးတွေပါတယ်ဆိုတော့ .. Hobi လေးထက်ငယ်တယ်မလား .. !! ပြောစမ်းပါဦး .. Omma တို့သာသိရင် ဝမ်းသာနေမှာ ... "
YOU ARE READING
Dear My Destiny
FanficAlthough my life would be in the darkness ... The person who bring light to me ... Is only you ... ... ... Dear My Destiny ... !!! 💘Genre - Fanfiction, Romance, Drama 💘Length - Medium 💘Characters - Kim Seok Jin, Jung Ho Seok, Jeon Jung Kook & OC...