🌟Chapter Twenty One🌟

1.2K 90 44
                                    

💘 Dear My Destiny 💘
🌟 Chapter Twenty One🌟
Zawgyi


" ဒီနားမှာ ခဏစောင့်နေနော် .. ကိုယ် မြန်မြန်ပြန်လာခဲ့မယ် ... "

သူမဆီမှ အဖြေရပြီးပြီးချင်း ခပ်သွက်သွက်ထွက်သွားသော ပုံရိပ်လေး မြင်ကွင်းထဲမှပျောက်သွားသည်အထိ နောက်ပြန်လှည့်ကာ ငေးမောကြည့်လို့နေမိသည် ... ။ နှုတ်ခမ်းပါးမှာလည်း အပြုံးတွေကို ချိတ်ဆွဲထားရင်းပေါ့ ... ။

လမ်းလျှောက်လို့လည်း တော်တော်လေးအဆင်ပြေနေပြီမို့ ပထမဆုံးအကြိမ်အဖြစ် အပြင်ထွက်လည်ကြခြင်းသာဖြစ်သည် ... ။ ယခုရောက်နေသည့် လှပသောမြစ်ကမ်းတစ်လျှောက်ကတော့ သူမအဖို့ အသစ်အဆန်းလို ဖြစ်နေသည်မို့ တမေ့တမော ငေးကြည့်နေမိတာ မဆန်းလှ ... ။ ယာဉ်တိုက်မှုဖြစ်ပြီးနောက်ပိုင်း အပြင်ကိုမထွက်တာ တစ်လကျော်ရှိနေပြီမို့ အပြင်ထွက်ဖို့ရာ အနည်းငယ်တော့ စိတ်လှုပ်ရှားမိသည် ... ။ အထူးသဖြင့် ထိုလူသားကြောင့်များလားဆိုတာ သူမ သေချာမပြောတတ်ပေ ... ။

သူမ၏ချစ်သူဆိုပြီး သိခဲ့ရချိန်တုန်းက ရှိန်းတိန်းတိန်းဖြစ်ကာ မျက်နှာပူမိတာကလွဲပြီး ထွေထွေထူးထူးတော့ မဖြစ်ခဲ့ ... ။ သူမအတွက် အစစအရာရာ ဂရုစိုက်ပေး ကူညီပေးသည်မို့ ကိုယ်ကတောင် အင်မတန်အားနာနေမိတာပင် ... ။

သူ့ဘက်ကတော့ ချစ်သူမိန်းကလေးဆိုတဲ့ခေါင်းစဉ်ကြောင့် ဂရုစိုက်ပေးနေတာဆိုပေမယ့် ကိုယ့်ဘက်က အဲ့သလိုမဟုတ်တာမို့ အားနာမိသည် ... ။ ထိုအချိန်တုန်းက ယာဉ်တိုက်မှု၏နောက်ဆက်တွဲကြောင့် သူမ တကယ့်ကို စိတ်ဓာတ်ကျနေခဲ့တာ မဟုတ်လား ... ။ သူမအပေါ်  သိပ်ကိုဂရုစိုက်ပေးသည့် ထိုသူနှင့်ပတ်သတ်သော အမှတ်တရတွေကို မမှတ်မိနိုင်ပါသော မှတ်ဥာဏ်ကိုလည်း Da Hoon တစ်ခါတရံ အပြစ်ဖို့မိသည် ... ။

အချိန်ကာလတစ်ခုကို ဖြတ်ကျော်ပြီးချိန်မှာတော့ ထိုသူနဲ့ပတ်သတ်ပြီး သူမစိတ်တွေ ကြည်လင်နူးညံ့လာသလိုပါပဲ ... ။ နေ့တိုင်းလိုလို သူများ အိမ်လာလေမလားဆိုပြီး စောင့်နေတတ်ခဲ့သလို sign language တွေ တူတူလေ့ကျင့်ချိန်မှာလည်း သူ့ကို မရဲတရဲ ခိုးကြည့်နေတတ်ခဲ့ပြီ ... ။ ညဘက်ဆိုလည်း သူ့ဆီက အိပ်မက်လှလှမက်ပါစေဆိုပြီး အစချီတဲ့ message ကိုလည်း မျှော်နေတတ်ခဲ့ပါပြီ ... ။

You've reached the end of published parts.

⏰ Last updated: Jul 13, 2020 ⏰

Add this story to your Library to get notified about new parts!

Dear My DestinyWhere stories live. Discover now