🌟Chapter Six🌟

684 94 49
                                    

💘Dear My Destiny 💘
🌟Chapter Six🌟
Zawgyi

မီးခိုးရောင်ဖိုင်တစ်ခုအား လက်ထဲမှကိုင်၍ ခမ်းနားလှသော အဆောက်အဦးကြီးအား Seok Jin တခဏမျှကြည့်နေမိသည် ... ။ ယခုကဲ့သို့ Flora အလှကုန်ဌာနချုပ်သို့ သူရောက်လာသောအကြောင်းအရင်းကား ယမန်နေ့က သူ့ကားပေါ်ဝယ် So Da Hoon ၏ ဖိုင်လေးတစ်ခုကျန်ခဲ့သောကြောင့်သာ ... ။

သူမအတွက် အရေးများကြီးသလားဟု ထင်မိတာကြောင့် ထိုဖိုင်လေးကိုပြန်ပေးရန်အတွက် ဖုန်းဆက်သော်ငြားလည်း အရာမထင်လှပေ ... ။ ရုံးတက်ချိန်လည်း ရှိနေပြီဖြစ်သောကြောင့် မထူးလက်စနှင့် သူမအား ထိုဖိုင်လေးပြန်ပေးရန်အတွက် အဆောက်အဦးထဲသို့ သူ့ခြေလှမ်းများ ဦးတည်လိုက်တော့သည် ... ။

" ဘာများကူညီပေးရမလဲရှင့် ... ?? "

" ကျွန်တော် So Da Hoon နဲ့တွေ့ချင်လို့ပါ ... "

" ဟို .. အဖွဲ့မှူး So Da Hoon ကိုလား ... ?? "

" ဟုတ်ပါတယ် ... "

" အဖွဲ့မှူး So Da Hoon ရဲ့ရုံးခန်းက ငါးလွှာမှာပါရှင့် ... "

" ကျေးဇူးပါ ... "

ကောင်တာမှ ညွှန်ပြလိုက်လေသော ငါးလွှာသို့ရောက်လာပြီး သူမဦးဆောင်သောအဖွဲ့၏ ရုံးခန်းရှေ့၌ သူတခဏမျှ တွေဝေစွာရပ်နေမိ၏ ... ။ ထို့နောက် ပိတ်ထားသောအခန်းတံခါးအား အသာလေးခေါက်လျက် အထဲမှတုန့်ပြန်မှုကို စောင့်နေလိုက်သည် ... ။

" ဒေါက် .. ဒေါက် ... "

တစ်ချက် .. နှစ်ချက် .. သုံးချက် .. ဆက်တိုက်ခေါက်ပါသော်လည်း အထဲမှ တုန့်ပြန်မှုမလာသောကြောင့် တံခါးလက်ကိုင်ကို အသာလှည့်ဖွင့်ကာ ခေါင်းလေးပြူပြီး အခြေအနေအား အကဲခတ်လိုက်၏ ... ။ အလုပ်စားပွဲများ အစီအတန်းထားထားသော ရုံးခန်းထဲ၌ ဝန်ထမ်းများရှိပါလျက်နှင့် လာမဖွင့်ပေးသည့်အပြင် မြင်လိုက်ရသောမြင်ကွင်းကြောင့် သူ စိတ်ပျက်သွားမိသည် ... ။

လက်ကိုင်ဖုန်းအား အသည်းအသန်ပွတ်နေသူကတစ်ယောက် .. လက်တစ်ဖက်မှဖုန်းအား မနားတမ်းပြောကာ ဘေးဘက်ရှိလိုက်ကာစအား အားမနာတမ်းလိမ်၍ ရည်းစားနှင့် ဖုန်းပြောသူကတစ်ယောက် .. ။ ထို့အပြင် မှန်တစ်ချပ်ချ၍ မျက်လုံးအား ဆေးရောင်ကာလာ ခြယ်သနေသူကတစ်မျိုး .. ပါးစပ်ထဲသို့ ပေါင်မုန့်များသွပ်နေသော အစားကြီးပဲတစ်လိုင်းများက တစ်ဖုံ .. အိပ်ချည်းပဲတစ်လိုင်းများက တစ်ဖုံဖြင့် ရုံးခန်းနှင့်ပင် မတူလှချေ ... ။ ထိုသူများအထဲမှ ပြတင်းပေါက်နားရှိ ခန်းဆီးလိုက်ကာအား အသာလှစ်၍ မှန်ပြောင်းဖြင့် ကြည့်နေသောကောင်လေးအား ပို၍ပင်နားမလည်ဖြစ်မိသည် ... ။ မှန်ပြောင်းကြည့်ဖို့များ အလုပ်ခန့်ထားတာလား .. ?? ။

Dear My DestinyWhere stories live. Discover now