🌟Chapter Four🌟

766 96 12
                                    

💘Dear My Destiny💘
🌟Chapter Four🌟
Zawgyi

" Unnie .. ဘယ်လိုလဲ အဆင်ပြေရဲ့လား .. ??? အဲ့ဒီလူက ဘယ်လိုပုံလေးလဲ .. ခန့်လား .. အရပ်ကြီးကအရှည်ကြီးပဲလား ... ?? "

ပန်းပင်လေးများအား ရေလောင်းနေသည့်ညီမငယ်မှာ ခြံထဲသို့ဝင်လာသော သူမဆီသို့ ခပ်သွက်သွက်လျှောက်လာရင်း စပ်စုပါတော့သည် ... ။ ညီမငယ်တတွတ်တွတ်မေးနေသည်မှာ ဘွားဘွားသွားတွေ့ခိုင်းလေသော ကိုလူချော၏အကြောင်း ဖြစ်ပါလိမ့်မည် ... ။

" အင်းးး ဘယ်လိုပြောရမလဲ ... တော်တော်လေးကို ကြည့်ကောင်းတဲ့သူပါ ... ဒါပေမယ့် ..... .... "

" ဒါပေမယ့်က ဘာဖြစ်လို့လဲ ... ??? "

" စိတ်ဝင်စားဖို့ကောင်းတယ် .... ဒီလိုပါပဲ ... "

" အံမယ် .. စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့ ... ဟွန့် Na Hoon တောင် သွားတွေ့ချင်လာပြီ ... "

နှုတ်ခမ်းလေးစူ၍ သူမအား မနာလိုဟန်လေးဖြင့် Na Hoon မှာ ချစ်စဖွယ်ကောင်းအောင် ပြောနေတော့တာပင် ... ။

" ကဲ မေးခွန်းတွေထပ်မထုတ်ပဲနဲ့ သိချင်စိတ်လေးကို အောင့်အီးထား ... Unnie အလုပ်လုပ်စရာတွေရှိသေးလို့ ... !! "

" သိပါပြီ ... သူ့လူအကြောင်းကို မေးမှာစိုးလို့မလား ... အဲ့ဒါဆိုလည်း Unnie လုပ်စရာရှိတာဆက်လုပ်လေ .. Saeng တော့အိပ်တော့မယ် "

" အင်း အင်း Good Night ... "

ညီမငယ် Na Hoon ကတော့ ခပ်သွက်သွက်ပင် အိမ်ထဲသို့ပြေးဝင်သွားသော်လည်း သူမကတော့ ခြံထဲ၌ ငိုင်ငိုင်ကြီးကျန်ရစ်ခဲ့ပြန်သည် ... ။ ထုံးစံအတိုင်းပင် ထိုင်နေကျခုံတန်းလေး၌ ဝင်ထိုင်ရင်း ပြည့်ဝန်းနေသောလမင်းကြီးအား မော့ကြည့်ကာ လွန်ခဲ့သည့်နာရီအနည်းငယ်မှ အကြောင်းအရာများအား ပြန်လည်စဉ်းစားခန်း ဖွင့်နေမိတော့သည် ... ။

" ကျွန်မလုပ်မိတာ မမှားပါဘူးနော် ဟုတ်တယ်မလား ... ?? Kim Seok Jin က ကျွန်မတို့ကစားပွဲမှာ မပါပေမယ့် ... ... ... ... ဟင့်အင်း ... !! ကျွန်မ So Da Hoon ပါ ... ဆုံးဖြတ်ပြီးသားကို ဘယ်တော့မှနောက်မဆုတ်တတ်တဲ့ So Da Hoon ပါ ... ကျွန်မမမှားဘူး ... !!! "

ကောင်းကင်ထက်မှ လဝန်းကြီးအားငေးကြည့်ကာ ခေါင်းလေးခါလိုက် ညိတ်လိုက်ဖြင့် အရူးတစ်ယောက်လို တိုင်တန်းနေသည့် မိန်းကလေးနားသို့ လေပြေညှင်းလေးမှာ သာယာစွာဖြတ်သန်းသွားလျက်ရှိလေသည် ... ။

Dear My DestinyWhere stories live. Discover now