🌟Chapter Seventeen🌟

660 99 44
                                    

💘 Dear My Destiny 💘
🌟 Chapter Seventeen 🌟
Zawgyi

** ဟိုရောက်ရင် ကျန်းမာရေးဂရုစိုက်ပါ Kim Seok ..... **

စာသားလေးနှင့် အဆုံးမသတ်ခင်မှာပင် ခေါင်းလေးကို အသာယမ်းမိပြီး sticky note လေးမှ စာရွက်လေးကို ဆွဲခွာမိပြန်သည် ... ။ ထို့နောက် ယခင်လုပ်နေကျအတိုင်းပင် ထက်ဝက်ခေါက်လိုက်ပြီး ပိုက်ဆံအိတ်ထဲသို့ ပစ်ထည့်လိုက်ရင်း ... ။

" ဒီအတိုင်းပဲ ပေးလိုက်ရင်ကောင်းမလား ... ?? "

ခပ်တိုးတိုး ရေရွတ်သံလေးပြု၍ မျက်ဝန်းတို့မှာ ယနေ့မှ ပူပူနွေးနွေးဝယ်လာပါသော ခပ်ရှင်းရှင်း ဖောင်တိန်ဘူးလေးဆီ အကြည့်ရောက်မိတော့သည် ... ။ ရေမြေရပ်ခြားသို့ သွားရောက်ရမည့်သူ့အတွက် တစ်ခုခုတော့ လက်ဆောင်ပေးသင့်သည်ဟု တွေးမိသောကြောင့် ကြံရာမရသည့်အဆုံး ယခုလိုဖောင်တိန်လေးသာ ဝယ်ဖြစ်ခဲ့တာပင် ... ။

သိပ်ကိုထက်မြက်ပါသည်ဟု ဂုဏ်သတင်းကြီးသောသူမမှာ ယခုလို အမှတ်တရစာလေးတောင် ဖြောင့်ဖြောင့်ဖြူးဖြူး မရေးနိုင်ရှာမှန်း ဂျူနီယာဝန်ထမ်းလေးတွေသာသိပါလျှင် ဟားတိုက်ရယ်ကြမည်မှာ အမှန်ပင် ... ။ မိုးပြာရောင် sticky note လေးမှာလည်း တဖြည်းဖြည်းပါးလွှာလာပြီဖြစ်သလို လက်ကိုင်အိတ်ထဲဝယ် ထက်ဝက်ခေါက်ထားပါသော မိုးပြာရောင်စာရွက်လေးတွေ များလာပါသော်လည်း ယခုထက်ထိ စိတ်တိုင်းကျသည့် စာသားလေးတစ်ကြောင်းတောင် မထွက်လာသောကြောင့် ညံ့လိုက်တာဟု ကိုယ့်ကိုယ်ကို အပြစ်တင်ချင်တော့သည် ... ။

နောက်ဆုံး၌ ဒီအတိုင်းလေးပဲ ပေးလိုက်မည်ဆိုသည့် ဆုံးဖြတ်ချက်နှင့်အတူ ဖောင်တိန်ဘူးလေးကို လက်ကိုင်အိတ်ထဲသို့ ထိုးထည့်လိုက်ပြီး ခပ်နွေးနွေး လတ်တေးကော်ဖီကိုသာ တစ်ခြိုက်တည်း မော့သောက်ပစ်မိသည် ... ။ ကော်ဖီဆိုင်လေးထဲရှိ အဖြူရောင်တိုင်ကပ်နာရီလေးမှ ခုနှစ်နာရီခွဲဆိုသည့်အချိန်သို့ ညွှန်ပြချိန်ဝယ် အချိန်လည်းမနည်းတော့သည်မို့ မေမေရှိရာဆေးရုံလေးဆီသို့သွားရန် ပြင်ဆင်လိုက်တော့သည် ... ။

** 🎼🎼🎼 **

ကော်ဖီဆိုင်လေးအား ကျောခိုင်းထွက်လာချိန်ဝယ် တတီတီမြည်လာသော ဖုန်းသံငယ်ကြောင့် စိတ်ထဲ၌ စနိုးစနှောက်ဖြစ်သွားရသည် ... ။ Oh Chae Lee တစ်ယောက် ဒီအချိန်ကျမှ ဘာဖြစ်လို့ ဖုန်းဆက်တာပါလိမ့် ... !! ။

Dear My DestinyWhere stories live. Discover now