💘 Dear My Destiny 💘
🌟 Chapter Eighteen 🌟
Zawgyiမှိတ်လို့ထားသော မျက်ဝန်းတစ်စုံအား အားယူ၍မဖွင့်ရပါပဲနှင့် အလိုလိုနိုးထလာခဲ့ပြန်သည် ... ။ အဖြူရောင်လိုက်ကာထက်မှ ဝိုးတဝါးဖြာကျလာသော ရောင်ခြည်နုတို့ကြောင့် တိုင်ကပ်နာရီလေးဆီ အကြည့်ရောက်မိလေတော့ အချိန်မှန်နိုးထနေကျ မိုးသောက်ခြောက်နာရီသို့ ညွှန်ပြလို့နေရှာသည် ... ။
ထို့ကြောင့် ရေချိုးခန်းဝင်ကာ ကိုယ်လက်သန့်စင်ပြီးနောက် လိုက်ကာဖြူလေးအားတွန်းဖယ်၍ နေခြည်နုတို့ကို အခန်းငယ်လေးထဲသို့ ဝင်ခွင့်ပြုလိုက်သည် ... ။
" မနက်တောင်မိုးလင်းနေပြီ .. ဘယ်အချိန်ထိ အိပ်နေဦးမှာလဲ ... ?? "
ဖွေးဆွတ်နေသော အဖြူရောင်မွေ့ယာပေါ်ဝယ် မလှုပ်မယှက်လေး လဲလျောင်းနေသော မိန်းကလေးအား အသာလေးခေါ်နှိုးမိသည် ... ။ တုန့်ပြန်မှု တစိုးတစိမျှမရှိပါသော်လည်း ခေါ်သံငယ်ကိုသာ သူမကြားနိုင်ရင် သိပ်ကောင်းမှာပဲဆိုသည့် အတွေးနှင့်အတူ သူမအား ငေးမောကြည့်နေမိတော့သည် ... ။
သာမန်ထက်ဖျော့တော့နေသော မျက်နှာလေးနှင့်သူမမှာ ငြိမ်သက်စွာတည်ရှိလို့နေပြီး ဦးခေါင်းထက်မှ စည်းနှောင်ထားသော ပတ်တီးစတို့မှာ သူမနှင့်နည်းနည်းလေးမှ မလိုက်ဖက်ပေ ... ။ ထို့အပြင် ညာဘက်ခြေထောက်မှာလည်း ဖြူလွှလွှပတ်တီးတို့က နေရာယူထားသေးသည် ... ။ တာဝန်ခံဆရာဝန်ကြီး၏ ပြောကြားချက်အတိုင်းဆိုလျှင် အကောင်းအတိုင်း ဖြစ်လာနိုင်တာမျိုးလည်းရှိသလို အဆိုးဆုံးအခြေအနေအဖြစ် ကိုမာဝင်သွားနိုင်တာမျိုးလည်း ရှိသည်တဲ့လေ ... ။
သူမလေး အိပ်ရာထက်ဝယ် ယခုလိုမလှုပ်မယှက်လေး ငြိမ်သက်တိတ်ဆိတ်နေတာ တစ်ရက်တောင်ကျော်လို့နေပြီဖြစ်သည် ... ။ ယခုလိုငြိမ်သက်နေတာဟာ မာနဲခဲလေး So Da Hoon နဲ့ နည်းနည်းလေးမှ မလိုက်ဖက်ပါဘူးလေ ... ။ ယခင်ကလို အားမာန်အပြည့်နဲ့မျက်ဝန်းတွေကို ထပ်ပြီးတော့ မြင်ခွင့်ရချင်ပါရဲ့ ... ။
" အချိန်အကြာကြီး အိပ်မနေပါနဲ့လား .. Da Hoon ကိုစောင့်နေတဲ့သူတွေ အများကြီးရှိတယ်လေ ... "
YOU ARE READING
Dear My Destiny
FanfictionAlthough my life would be in the darkness ... The person who bring light to me ... Is only you ... ... ... Dear My Destiny ... !!! 💘Genre - Fanfiction, Romance, Drama 💘Length - Medium 💘Characters - Kim Seok Jin, Jung Ho Seok, Jeon Jung Kook & OC...