ကသိအအောက်အနိုင်ဆုံး အချိန်ကို ပြပါဆိုလျှင်တော့.. အခုအချိန်ကိုပဲ.. ဂျုံအင် လက်ညိုးငေါက်ငေါက် ထိုးပြရမည်မှာ မလွဲမသွေ.. ။ စိတ်ပျက်ဖွယ်ကောင်းလှသော လူ့အကျင့်များထဲမှ .. အချိန်မတိကျခြင်းကို သေလောက်အောင် ရွံ့ရှာပါပြီဆိုနေမှ.. ။ ဘယ်နှယ့်?
စိတ်ပိုင်းချပစ်မိသည်ကတော့.. နောက်ထပ် ငါးမိနစ်စွန်းစွန်းအတွင်း.. ချိန်းဆိုထားသည့်လူ ရောက်မလာလျှင်တော့ .. အလုပ်ကိစ္စကြီးဖြစ်နေနေ ဘာကြီးဖြစ်နေနေ ဂျုံအင်.. ထပြန်တော့မှာအမှန်ပင်..။ တစ်ဖက်က ဘယ်လောက်ကြီးကျယ်တဲ့ လုပ်ငန်းရှင် ဖြစ်ဦး.. သူနဲ့မှ ရှယ်ယာ ဖက်စပ်မလုပ်ရုံနဲ့တော့ .. နေ့စဉ်လည်ပတ်နေတဲ့ ဂျုံအင့်လုပ်ငန်း နေ့ချင်းညချင်း ဒေဝါလီခံရပြီး မမွဲသွားနိုင်ပါ။
" ဆောရီး.. "
ကော်ဖီဆိုင် အသေးစားလေး၏ မှန်အကြည်သားကို ဖောက်ကာ.. ပတ်ဝန်းကျင်ကို ငေးရင်း.. ခပ်လေးလေး တွေးမိနေတုန်း .. မျက်လုံးရှေ့ ဖြတ်ခနဲ ၀င်လာသည့် အရိပ်နှင့်.. အနည်းငယ် ဘောက်ဆတ်ဆတ်နိုင်သော အပြောကြောင့် .. ပိုလို့တောင် မျက်မှောင်ကုတ်မိသွားသည်..
မချေမငံရှိလိုက်တာ .. စိတ်ထဲကနေ ခပ်ကြိတ်ကြိတ် မှတ်ချက်ချလိုက်ရင်း.. waiter အား.. လက်ဖျောက်တစ်ချက်တီးကာ.. လှမ်းခေါ်နေသော လူကို လေ့လာကြည့်မိတော့.. ကော့ပြန်နေသည့် နက်ပြာရောင်.. ရှပ်လက်ရှည်.. သာမန်ထက် ထူသယောင်ဖြစ်နေသော.. မျက်ခုံး .. အနည်းမှုန်ကုတ်ကုတ်မျက်လုံးနဲ့ .. ပတ်ဝန်းကျင်ကို အရေးမစိုက်ဟန် ပုံစံကြောင့် အနည်းငယ်တော့ မာနကြီးမယ့်ပုံ .. ။
လူကသာ .. ခပ်သေးသေး ..
ဟိတ်ဟန်ကတော့ အပြည့် ပါပဲလား.. ။" ဒီမှာ.. ဒီမှာ.. "
တစ်စားပွဲခုံတည်း ထိုင်နေတာတောင်.. အရေးမလုပ်လာသော.. လူကြောင့် စိတ်မရှည်စွာ အသံပေးမိတော့ .. သူ့လက်ထဲက .. ရိုးလက် နာရီကို မြှောက်ကာ ပင့်ကြည့်နေသော ထိုလူက.. မျက်ခုံးအစုံတို့ တွန့်ကွေးလျက် ကျွန်တော့်ကို လှမ်းကြည့်လာလေသည်..
YOU ARE READING
" Hideous~ "
Fanfictionဘယ်သူကမှ လူတစ်ယောက်ကို နာကျင်မှုတွေ ပေးအပ်ဖို့ မချစ်ခဲ့ကြဘူး ... အဲ့ဒါ မင်းသိဖို့ပါ ... ဂျုံအင် ..