" မစားချင်ပါဘူးဆိုနေ.. ခင်ဗျားဗျာ.. "
ဂျုံအင်တစ်ယောက်.. မျက်စိရှေ့က.. စားပွဲပေါ်မှာ ချထားတဲ့ ပီဇာတွေကို ကြည့်ရင်း.. ခွေးပေါက်လေး အစာနင်နေသလို.. တအီအီနဲ့ စားပွဲပေါ် မေးလေးတင်ကာ.. သက်ပြင်းရှိုက်ရှာတယ်..
အမှန်တော့ ဒီနေ့က.. ဂျုံအင်လေး... အမေ့ဝမ်းထဲကနေ.. အူဝဲဆိုပြီး စတိုင်ကျကျ ထွက်လာတဲ့နေ့လေ.. နှစ်လုံးတည်း.. ခပ်ရှင်းရှင်း ပြောပြရရင်တော့ မွေးနေ့ ပေါ့ .. -_-
အဲ့ဒါကို အရှေ့က ပင်ကွင်းကောင်ရယ်လေ.. မစာမနာ.. သူများသားသမီးကို.. အစားအစာတွေ နင်းကန်ကျွေးပြီး.. သေအောင် သတ်နေလေရဲ့ ..။
စဉ်းစားကြည့်.. ကျွန်တော် သေသွားရင် သူက အစားပြန်မွေးပေးမှာလည်း မဟုတ်.. :'(
ပြီးတော့လည်း.. ပင်ကွင်းက ၀က်ဝံကို မွေးပေးမယ် ဆိုတာ.. လုံးဝမဖြစ်နိုင်တာကြီး.. ။" ဂျုံအင်.. "
" မစားနိုင်ဘူးဗျာ!
လုံးဝ မစားဘူးနော်.. လုံးဝပဲ.. "ပီဇာဘူးတွေကို.. သူနဲ့ ဝေးဝေးတွန်းလိုက်ရင်း.. တီကောင်ဆားပက်သလို တွန့်ခါ အော်နေသော.. ဂျုံအင့်အသံကြောင့် .. ဂျောင်ဆူးက.. စာရွက်စာတမ်းတွေကို လတ်မှတ်ထိုးရင်း .. ဖြတ်ခနဲ လှမ်းကြည့်လာသည်..။
ဂျုံအင့် အကြည့်ကတော့ .. ဂျောင်ဆူးအပေါ်ရှိမနေ..
သူ့စားပွဲပေါ်က ပီဇာဘူးကို.. သတ်မတတ်ဖြတ်မတတ် ကြည့်နေတာများ.. သူ့လက်ထဲများ.. ဓားတစ်ချောင်း ထည့်ပေးမိလျှင်.. ပီဇာတွေအကုန်လုံးကို ဓားနဲ့ တောက်တောက်ဆင်းပစ်မလား မသိ.. ။" သွား.. အောက်ဆင်းပြီး နေ့လည်စာ သွားစားချေ.. "
ဂျောင်ဆူးစကားအဆုံး.. မျက်မှောင်တွန့်ကာ.. လှည့်ကြည့်လာသော.. ဂျုံအင်က .. ဘာလဲ ဆိုတဲ့ သဘောနဲ့ နှုတ်ခမ်းလေးတောင် အနည်းငယ် စူချင်နေသေး.. ။
အာာ.. ဒီဝက်ဝံကောင်..
YOU ARE READING
" Hideous~ "
Fanfictionဘယ်သူကမှ လူတစ်ယောက်ကို နာကျင်မှုတွေ ပေးအပ်ဖို့ မချစ်ခဲ့ကြဘူး ... အဲ့ဒါ မင်းသိဖို့ပါ ... ဂျုံအင် ..