ကျွန်တော့်တို့ရှေ့မှာ လူဖြစ်တဲ့ ဟားရာ့ပုကျိတွေက.. ပြောသွားတယ်.. အချစ်မှာ မျက်စိမရှိဘူးတဲ့ ...။
အဲ့ဒီ့စကားအရ.. ကျွန်တော် ရင်ခုန်မိတာဟာ.. မျက်လုံးကြီး နှစ်ဖက် ပြူးနေအောင်ပါတဲ့ ဒိုဂျောင်ဆူးကို မဟုတ်ပဲ.. သူ့အကျီင်္က ကြယ်သီးလေး တစ်လုံးကို ဖြစ်နေတာ.. ဘာများ ဆန်းကြယ်လို့လဲခင်ဗျာ.. -___-
ဟုတ်တယ်မလား.. ။ အချစ်ဆိုတာ.. ချစ်ချင်တဲ့အချိန်မှာ.. ချစ်ချင်တဲ့လူနဲ့ ချစ်ချင်သလိုကို ချစ်သွားနိုင်တာပဲလေ.. ။
" ဂင်ဂျုံအင်.. ငါစကားပြောနေတာကို နည်းနည်းပါးပါး အာရုံစိုက်စမ်း.. "
ဘေးနားကနေ ထွက်လာတဲ့ အသံဆိုးကြီးကြောင့် ဂျုံအင့် အတွေးလေးတွေ ဖျတ်ခနဲ မီးမှိတ်ကျသွားရင်း လူတွေဟိုဟိုသည်သည် သွားလာနေတဲ့ မြင်ကွင်းကိုသာ မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်နဲ့ ငေးမိလေတယ်..
ဘေးက မေတ္တာတုံး ငုတ်စိကောင်ဂျောင်ဆူးကိုတော့ လှည့်တောင်မကြည့်ချင်.. ဘယ်နှယ့်.. သူ့ကြယ်သီးလေးကို ကြိုက်ပါတယ် ပြောမိတာလေးကို ဂွပ်ခနဲ ခေါက်ပစ်လိုက်တာများ.. ခေါင်းတောင်မူးသွားတယ် အဟုတ်တကယ်.. =_=
" ညနေစာ ဘာစားမှာလဲလို့ မေးနေတာကို...
နေပါဦး.. အဲ့ရုပ်ကြီးက ဘာဖြစ်နေရတာတုံး .. "ညစာအတွက် စူပါမားကတ်ကို နှစ်ပတ်လောက် ပတ်နေသည့်တိုင်.. ဘေးက ၀က်ဝံညိုက ဘာစကားမှမပြောပဲ တွန့်လိမ်ကောက်ကွေးပြီး ပါလာတာမို့ စိတ်မရှည်တာနဲ့ ဘာဖြစ်နေလဲ မေးတော့လည်း ဂင်ဂျုံအင်ဟာလေ.. အင့်ခနဲ နှုတ်ခမ်းကြီးစူလာပြီး မျက်နှာက ချက်ချင်း ပုတ်သိုးသွားပြန်ရော..
" ဘာဖြစ်တာလဲဆိုနေ.. "
" မသိဘူးဗျာ.. ခင်ဗျားကြီး မေးတိုင်း ဖြေစရာလား.. တွန်းတော့.. "
ပုခုံးတွန့်ကာ တွန့်ကာနဲ့ နှုတ်ခမ်းစူပြီး စကားပြောကာ.. မဆိုစလောက်ရှည်တဲ့ အရပ်ကြီးကိုမှ.. အားမနာ.. ကလေးများလို ဈေးဝယ်တွန်းလှည်းထဲ ၀င်ထိုင်လေသော.. ၀က်ဝံညို.. သူ့ကိုယ်သူ ဆယ်နှစ်သားလေးများ ထင်နေရော့လား.. ?
YOU ARE READING
" Hideous~ "
Fanfictionဘယ်သူကမှ လူတစ်ယောက်ကို နာကျင်မှုတွေ ပေးအပ်ဖို့ မချစ်ခဲ့ကြဘူး ... အဲ့ဒါ မင်းသိဖို့ပါ ... ဂျုံအင် ..