မှောင်မိုက်သော ညတစ်ညတွင်.. မမှောင်သော.. ဂင်ဂျုံအင်လေးသည် .. အိပ်ယာပေါ်တွင် ခြေပစ်လက်ပစ်လှဲရင်း မျက်နှာကျက်ကို တွေတွေကြီး ငေးနေလေသည်.. ။
အိပ်ယာပေါ် အတည့်အိပ်ကြည့်လိုက်.. ဇောက်ထိုးကြီးလှဲကြည့်လိုက်.. အနည်းငယ် မေ့မေ့ပျောက်ပျောက် ဖြစ်အောင်.. တောင်တွေး.. မြောက်တွေးနဲ့ အာရုံလွှဲဖို့ ကြိုးစားသော်ငြား.. ဒါဟာလုံးဝကို အောင့်အီးလို့ မဖြစ်နိုင်တဲ့ ကိစ္စကြီး.. ။
" ဂွီ.. "
ငြိမ့်ငြောင်းစွာ.. အသံပေးလာသည့် ဗိုက်ကို.. ဂျုံအင် လက်နဲ့.. ဖိနှိပ်လိုက်ရင်း.. မျက်နှာလေး ရှုံ့မဲ့ကာ.. ကုတင်ပေါ်.. ၀ုန်းခနဲ.. ငုတ်တုတ်ထထိုင်လိုက်မိသည်.. ။
အော်..။
အချစ် နဲ့ ဗိုက်ဆာတာ က.. အောင့်ထားလို့ မရပါလား..။စိတ်ပျက်လက်ပျက်နဲ့.. ခေါင်းတဗြင်းဗြင်း ကုတ်မိရင်း.. bedside က နာရီကို လှမ်းကြည့်တော့.. 3 နာရီခွဲ..။
ကိုယ့်ဟာကိုယ် ထစားရအောင်ကလည်း.. ဂျုံအင်လေးဆိုတာ.. တစ်ခုခုလုပ်စားဖို့ ဝေးစွ.. ။ မီးဖို ခလုတ်တောင် ဖွင့်တတ်တဲ့လူမဟုတ်..။လွင်လင့်တကူ စားစရာ အသီးအနှံလေး ဘာလေး ရှိသလားဆိုတော့လဲ.. ခုနပဲ.. မီးဖိုချောင်ကို မြေလှန်ပြီး ရှာခဲ့ပြီးပြီ..။ အသင့်စားခေါက်ဆွဲထုတ်တွေနဲ့.. ဘာမှန်းမသိသော.. ဟင်းချက်အမယ် တွေက လွဲရင် ဘာဆိုဘာမှမရှိ.. ။
" ဂွီ.. ~ "
" ဟင့် .. "
အလိုက်မသိတဲ့ ဗိုက်က ထထအော်နေတော့.. ဂျုံအင်လေး.. အိပ်ယာပေါ် ၀ုန်းခနဲ ပြန်လှဲချရင်း.. ငိုတော့မလို ရှုံ့မဲ့ တွန့်လိမ်နေရှာပြီ.. ။
ကြိတ်မှိတ်အိပ်ပစ်လိုက်မယ်ဟဲ့ .. ဆိုပြီး.. ခေါင်းအုံးအောက်.. မျက်နှာကြီး ထိုးထည့်ပြီး.. မျက်လုံးကို အတင်းမှိတ်.. မြန်မြန်အိပ်ပျော်အောင် နံပါတ်စဉ် ထိုင်ရေဖို့ ကြိုးစားလိုက်တယ်.. ။
YOU ARE READING
" Hideous~ "
Fanfictionဘယ်သူကမှ လူတစ်ယောက်ကို နာကျင်မှုတွေ ပေးအပ်ဖို့ မချစ်ခဲ့ကြဘူး ... အဲ့ဒါ မင်းသိဖို့ပါ ... ဂျုံအင် ..