" ဂင်ဂျုံအင်.. အရောင်လေးတွေက စုံတယ်နော်.. "
ဒိုဂျောင်ဆူး.. အံတင်းတင်းကြိတ်ကာ.. ခပ်ရွဲ့ရွဲ့ မှတ်ချက်ချသည့်တိုင်.. ဆိုဖာပေါ်ကနေ.. တီဗီကို လှမ်းမော့နေတဲ့ ဂျုံအင်လေးကတော့ ဂျောင်ဆူးကို ရှိတယ်လို့တောင် ထင်သည့်ပုံမပေါ်..
တကယ့်တကယ်တော့.. ဂျုံအင် တမင်သက်သက် ယုတ်မာနေခြင်းပင် ဖြစ်လေသည်..
အကြောင်းအရင်းက ဘာလဲဆိုလျှင်တော့.. တမြန်မနေ့ကပဲ.. ဂျောင်ဆူးလက်အောက်မှာ.. ဂျုံအင်.. အလုပ်လုပ်နေတာ.. အဲ.. အနှိပ်စက်ခံနေရတာ.. တစ်လတင်းတင်း ပြည့်သည်လေ..အဲ့တာကိုပဲ.. ရေခဲမျိုးနွယ်၏ နောက်ဆုံးမျိုးဆက်ဖြစ်ဟန်တူသော ဂျောင်ဆူးက.. အေးတိအေးစက် မသိခြင်ထောင်ထောင်ရင်း.. လစာမပေးပဲ.. အီလည်လည်လုပ်နေ၍ .. မေတ္တာရှင်လေး ဂျုံအင်က.. ပြန်ဆန္ဒပြခြင်းပင်..
ဆန္ဒပြပုံကတော့.. ပါးပါးလေး ဖြစ်သည်..
ဂျောင်ဆူးအခန်းဝတွင် ကြိုးတားထားပြီး အဲ့ကြိုးတန်းပေါ်မှာ.. ဂျုံအင့် အတွင်းခံဘောင်းဘီအရောင်စုံကို လေလံပစ်သည့်နှယ်.. လှန်းထားခြင်း.. :3မင်္ဂလာပွဲတွေမှာ.. မုန့်ဖိုးရအောင် ရွှေကြိုးတားကြသည်ကို.. ကြားဖူးနားဝရှိ၍ .. လိုက်လုပ်ခြင်းပင်..
ရွှေကမရှိတော့.. ပလက်စတစ် ကြိုးတန်းပေါ်မှာမှ..
ရွှေလို အဖိုးတန်တဲ့ .. ရှိရှိသမျှ ဘောင်းဘောင်းလေးတွေနဲ့ အလှဆင်ပေးရခြင်းမှာ.. ဂျုံအင့်၏ ပလပွထနေသော.. စေတနာလည်း ဖြစ်ပေသည်..အိုး.. အရမ်းများ ဆန်းကြယ်နက်ရှိုင်းသွားလေသလား.. :3
" ဂင်ဂျုံအင်! မင်းဟာတွေ မင်းသိမ်းမလား..
ငါ ကပ်ကြေးနဲ့ ညှပ်ပစ်လိုက်ရမလား ! "နီမြန်းနေသော.. မျက်နှာကြီးနဲ့ ပြူးပြူးကြီး ရန်ထောင်လာတဲ့ ဂျောင်ဆူးကြောင့်... ဂျုံအင်.. ဆိုဖာခုံပေါ်ကို.. ၀ုန်းခနဲ မတ်တပ်ရပ်လိုက်ရင်း.. အချစ်တော် ဘောင်းဘောင်းလေးတွေကို.. စိုးရိမ်တကြီးကြည့်ရှာသည်..
YOU ARE READING
" Hideous~ "
Fanfictionဘယ်သူကမှ လူတစ်ယောက်ကို နာကျင်မှုတွေ ပေးအပ်ဖို့ မချစ်ခဲ့ကြဘူး ... အဲ့ဒါ မင်းသိဖို့ပါ ... ဂျုံအင် ..