~ .. နှစ်​သက်​ခြင်း...~

2.7K 430 34
                                    

" အာာားးး... "

ဂျုံအင်​​လေး ညလယ်​​ခေါင်​အချိန်​ကြီးမှ.. ထပ်​မံလန့်​နိုးရပြန်​သည်​.. ဒီရက်​ပိုင်း အိမ်​မက်​​တွေ မ​ကောင်းတာ.. ​တော်​​တော်​များ​နေပြီပင်​ ဖြစ်​​လေသည်​.. (အမှန်​တကယ်​က​တော့.. လွန်​ခဲ့တဲ့ တစ်​ပတ်​က ကြည့်​လိုက်​ရ​သော သရဲကား၏ .. အကျိုး​ကျေးဇူးလည်း ဖြစ်​​လေသည်​ )

အိပ်​မရပဲ.. မျက်​လုံးကြီးကျယ်​သွားလို့.. ကုတင်​​ပေါ် ငုတ်​တုတ်​ထိုင်​ရင်း.. ​ခေါင်းအုံး​လေး.. ပိုက်​ကာ.. အခန်းတစ်​၀ိုက်​ကို.. ​တောင်​​တောင်​အီအီ ​လျှောက်​ကြည့်​မိ​တော့မှ.. သရဲကားဆီ စိတ်​​ပြန်​​ရောက်​သွားရင်း အ​ခြေအ​နေ ပိုဆိုး​လေသည်​..

" ပင်​ကွင်း​ကောင်​! ..
ဟုတ်​တယ်​.. ဒီလိုအ​ခြေအ​နေမျိုးမှာ.. ပင်​ကွင်းရဲ့ အကူအညီလိုအပ်​တယ်​.. "

အ​တွေးက​ပေါက်​လာသည်​မို့.. ဂင်​ဂျုံအင်​ တစ်​​ယောက်​.. ​ခေါင်းအုံး​လေးပိုက်​ထားရင်း.. ​ခြေသံမကြား​အောင်​.. ခပ်​ဖွဖွ​လေးနင်းကာ.. အခန်းထဲက​နေ.. တိတ်​တိတ်​​လေး ထွက်​လာသည်​.. ​တော်​ကြာ.. ( ဖွက်​ဟဲ့ မ​ပြော​ကောင်း ​ပြော​ကောင်း ) အိပ်​​ပျော်​​နေတဲ့ သရဲ​တွေ ဘာ​တွေ ရှိလို့ .. ဂင်​ဂျုံအင်​​လေး​ကြောင့်​ လန့်​နိုးသွားရင်​.. ဂျုံအင်​​လေးကို ဝါးခနဲ.. ​ထခြောက်​မှာ​ပေါ့လို့ ..

" ​ဟေ့လူ... ​ဟေ့.. "

ငုတ်​တို​ကောင်​ရဲ့ အခန်း​ရှေ့ရ​မှ.. အသားကုန်​ဖြဲ​အော်​ရန်​ ရည်​ရွယ်​ပြီး.. တံခါးကို ခပ်​ကြမ်းကြမ်း​ခေါက်​ဖို့ အလုပ်​.. ​လော့ခ်​ မချထား​သော.. တံခါး​လေးက.. ဂျုံအင်​​လေးအတွက်​.. ​ရေကန်​အသင့်​ ကြာအသင့်​  ..

ခေါင်း​လေးပြူကာ.. အခန်းထဲကို ​ဝေ့၀ိုက်​ကြည့်​​တော့.. ညမီးအိမ်​​လေး မှိန်​မှိန်​သာ လင်းသည့်​.. ​ဂျောင်​ဆူးအခန်းသည်​.. ရှုပ်​ပွ​နေ​သော.. ဂျုံအင့်​အခန်းထက်​ စာလျှင်​.. အိပ်​ချင်​စဖွယ်​ ရှိ​လေသည်​.. ။
အင်း..မဆိုးဘူးပဲ..

" ပင်​ကွင်းကြီး..
ကျွန်​​တော်​.. ခင်​ဗျားနဲ့.. အိပ်​..ချင်​..လို့.."

" Hideous~ "Donde viven las historias. Descúbrelo ahora