~..​တွေ့ကြုံခြင်း..~

3.1K 439 35
                                    

" ဒါလား .. ခင်​ဗျားရဲ့ သိပ်​ကို ကြီးကျယ်​ခမ်းနား.. ပြီးပြည့်​စုံတဲ့ အိမ်​ဆိုတာ.. "

ဂျုံအင်​.. မျက်​နှာကို.. ၃၀ ဒီဂရီ တိတိ မဲ့ရွဲ့လိုက်​ရင်း ​ပြောလိုက်​ရတာမို့.. အနည်းငယ်​​တော့.. အသံကလုံးချင်​ချင်​.. ဒါ​ပေမဲ့ .. ကိစ္စ​တော့ သိပ်​မရှိပါ.. သူ မ​ကျေနပ်​​နေ​ကြောင်း ​ဘေးက ​ဂျောင်​ဆူး သိရင်​ကို.. အ​တော်​အကျိုးရှိ​ပေသည်​..။

စကားမစပ်​.. ဂျုံအင့်​ ဘက်​ကလည်း.. ဒီလူကို​ ​ထေ့​ငေါ့ရမယ်​ ဆိုလျှင်​.. သည့်​ထက်​​ရှေ့​လျောက်​.. ​လေဖြတ်​သွားမတပ်​ မျက်​နှာကို မဲ့ရွဲ့​ပြောရန်​ အစီစဉ်​ရှိ​လေသည်​..

" အခန်းအပိုပဲ ရှိတယ်​လို့ ​ပြောတာ..
အိပ်​ယာ အပိုရှိတယ်​လို့ ​ပြောတာမဟုတ်​ဘူးလို့ ထင်​တာပဲ.. "

မရှိရှိမဲ့ သူ့ဆံပင်​ငုတ်​စိတိုကို.. တစ်​ချက်​သပ်​လိုက်​ရင်း.. ဂျုံအင့်​ဘက်​ကို.. အကြည့်​​လေးလာတယ်​ဆိုရင်​​လေး ဖြတ်​ကြည့်​ကာ.. နံရံနဲ့ ကြမ်းခင်းကလွဲရင်​ တခြားအသုံးအ​ဆောင်​ ပစ္စည်း ဘာဆိုဘာမှ မရှိ​သော.. တိတိကျကျဆိုလျှင်​.. ဂျုံအင်​ ​နေဖို့အခန်းလို့ ​သူ သတ်​မှတ်​​ပေးထား​သော.. အခန်းတံခါးကို ပြန်​ပိတ်​ကာ.. သူ့အကျီင်္.. သူ .. ဖုတ်​ဖတ်​ခါသည်​...။

" ရုံးတတ်​ရမှာဆို​တော့.. မင်းအထုတ်​​တွေကို
ဒီနားပဲ ချခဲ့​ပေါ့ .. မင်း .. သိမှာပါ..
ငါက မင်းလို.. အလုပ်​လက်​မဲ့မဟုတ်​​တော့.. သိပ်​အချိန်​မရှိဘူး.. "

ပုချာ​နေ​သော.. သူ့အရပ်​နဲ့ လုံးဝမလိုက်​ဖက်​လှ​သော..
( ကျွန်​​တော့်​ မျက်​စိအမြင်​ :3 ) အနက်​ရောင်​ အ​နောက်​တိုင်းဝတ်​စုံကို.. တစ်​ချက်​ကြယ်​သီးဆွဲတပ်​လိုက်​ရင်း.. အ​ရှေ့က​နေ.. ခပ်​တည်​တည်​ထွက်​သွား​သော.. ​ဂျောင်​ဆူး..

" အာ... ​ဟေ့လူ...
ခင်​ဗျား​ပြော​တော့.. ကျွန်​​တော်​ အလုပ်​ဆင်းရမှာဆို.. အ၀တ်​​စား​တောင်​မလဲရ​သေး.. အာ.. ခန​စောင့်​ပါဆို​နေ.. "

ပြောစကားမှမဆုံး​သေး.. စိတ်​မြန်​လက်​မြန်​ ကိုယ်​​တော်​ရဲ့ ကားစက်​နှိုးသံက ထွက်​လာတာ​ကြောင့်​.. ဘာမှ​ကောက်​၀တ်​ချိန်​မရ​တော့ပဲ.. အိမ်​​နေရင်း တီရှပ်​အပြာ.. ဂျင်းခပ်​​​ကြေ​ကြေနဲ့သာ.. ​အောင့်​သက်​သက်​နဲ့ ကား​ပေါ်တက်​ရတဲ့ .. ဂျုံအင့်​အဖြစ်​..

" Hideous~ "Where stories live. Discover now